Malware အတွက် ဆော့ဝဲလ် အသစ်ပါ..။


ကျွန်တော် နံပါတ် 98. Malware အကြောင်း....ကျွန်တော် သိသမျှ.  ရေးထားတဲ့

Malware က သုံးရတာ ကောင်းပေမဲ့ အခုတော့ ...သုံးတဲ့ လူများလာလို့ ထင်ပါတယ်..။

Free ကို မပေးတော့ဘူးဗျာ..။

ကျွန်တော်တို့ မြန်မာတွေကလည်း Free ရတာပဲ သုံးချင်တာလေ..။

Malware sweeper က သူ့ဆိုက်နေသွားဒေါင်းရင်တော့ ရလာတယ်...။

စက်ထဲကို Install လုပ်ရင် သူက စပြီး Register လုပ်ခိုင်းတော့တာပဲ..။

ဒီတော့ ကျွန်တော့် နံပါတ် -100. Malware sweeper ကို ဒေါင်းလို့ မရဘူးဆိုလို့... မှာ

ဒေါင်းလို့မရတဲ့ သူတွေ အတွက် ကျွန်တော့်မှာ ရှိတာလေးကို တင်ပေးလိုက်ပါသေးတယ်..။

ဒါကိုတောင်မှ  အခု Update လုပ်တော့ မရတစ်ချက် ၊ ရတစ်ချက် ဖြစ်နေတယ်ဗျာ..။

ဒါကြောင့် ..ထုံးစံ အတိုင်း ကျွန်တော် လိုက်ရှာလိုက်တော့...ဒါလေးကို တွေ့လာတာပါဗျာ..။

တော်တော် ကောင်းပါတယ်..။ အရင် Malwaresweeper ထက်တောင်မှ ကောင်းပါတယ်..။

အတွေ့နောက်ကျတာဗျာ..။

ဒါပေမဲ့...သူ့မှာလည်း ထုံးစံအတိုင်း...Free နဲ့ Purchase ဆိုပြီး နှစ်မျိုးပါပဲ..။

ကျွန်တော်ကလည်း Free  ပဲ ရွေးလိုက်ပါတယ်..။

ဆိုက်က တိုက်ရိုက်ဒေါင်းချင်သူများ... ဒီနေရာ ကနေ ဒေါင်းပါ

ဒေါင်းပြီးသွားလို့ စက်ထဲကို Install လိုက်တာနဲ့ သူက အလိုလို Update လုပ်ပါလိမ့်မယ်...။

ပြီးရင်တော့ အလိုလို သူ့ဖာသာ လိုအပ်တာတွေ ဖြည့်သွားပါလိမ့်မယ်..။

ပြီးရင်တော့ Desktop ပေါ်က သူ့ Icon လေးကို သွားပြီး Scan လုပ်ကြည့်ပါလား...။

တကယ်ပါဗျာ...Malwaresweeper ကို ကောင်းလှပြီ အောက့်မေ့နေတာ..Malwaresweeper နဲ့


စစ်ပြီးတာကို တောင်မှ အခု ဒါနဲ့ စစ်လိုက်တာကျွန်တော့်စက်မှာ ၃ ကောင်တွေ့သဗျှ...။

ဒီတော့ ထုတ်လိုက်ပေါ့ဗျာ..။

လွယ်လွန်းလို့ ဘာမှ ကျွန်တော် သုံးနည်း မရေးတော့ပါဘူး...။

ကျွန်တော် ဒေါင်းထားပြီးသား လိုချင်ရင်တော့  ဒီနေရာ ကနေ ယူပါ...။

နောက်ဆုံး အလွယ်ဆုံးနည်းကတော့ အောက် Attachment ကနေ ယူလိုက်ပါဗျာ...။

ဘာလို့ ကျွန်တော် ဒီ Malware အတွက်ကို အဓိက ထားပြီး ခဏခဏ လိုက်ရှာပြီးတင်ပေးလည်း ဆိုတော့..

သူက စက်ကို လေးစေတဲ့ warm တွေကို ရှာပေးရုံမကဘူး..အဓိကဖြစ်တဲ့ Anti- Virus ဆော့ဝဲလ်ကို အလုပ်

လုပ်တာ သက်သာစေတယ်ဗျာ...။ ဥပမာပေးရရင် အိမ်ကို မဝင်ခင် အိမ်ရှေ့မှာ အစောင့်ရှိတော့ အိမ်ထဲက

လူက သက်သာတာပေါ့ဗျာ..။ ဒီလို ဖြစ်မယ် ထင်တယ်ဗျာ..။

နောက်ထပ် ရရင် ထပ်တင်ပေးပါ့မယ်ဗျာ...။

တခြားဟာတွေရောပေါ့...။

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post