လာမည့်လတွင် လက်ပတ်နာရီ ဖုန်းတစ်မျိုးကို Samsung မိတ်ဆက်မည်

ဖုန်းခေါ်ဆိုမှုပြုလုပ်ခြင်း ၊ အင်တာနက် ၊ အီးမေးသုံးခြင်း စသည်တို့ ပြုလုပ်နိုင်မည့် Galaxy Gear အမည်ရသော လက်ပတ်နာရီပုံစံ ကိရိယာတစ်မျိုးကို
လာမည့် စက်တင်ဘာလ ၄ ရက်တွင်  Samsung မှ မိတ်ဆက်သွားမည်ဟု နီးစပ်သော အသိုင်းအ၀ိုင်းမှတစ်ဆင့် သိရသည်။

၎င်းကို Google ၏ android စနစ်ဖြင့် မောင်းနှင်ထားမည်ဖြစ်ကာ Apple ကုမ္ပဏီမှ ထုတ်လုပ်သွားဖွယ်ရှိသည့် အလားတူ ကိရိယာသစ် တစ်မျိုးကို ဈေးကွက် ယှဉ်ပြိုင်နိုင်ရန် ယခုနှစ်အတွင်း ထုတ်လုပ် ရောင်းချသွားမည်ဟု ဆိုသည်။ အဆိုပါ ကိရိယာသစ်ကို ဘာလင်တွင် ကျင်းပမည့် IFA အီလက်ထရောနစ် လူသုံးကုန် ပစ္စည်းပြပွဲ မတိုင်မီ နှစ်ရက်အလိုဖြစ်သော စက်တင်ဘာလ (၄) ရက်နေ့တွင် ထုတ်ဖေါ်ပြသ သွားရန်ရှိကြောင်း ၄င်းတို့အနက်မှ တစ်ဦးက ပြောကြားခဲ့သည်။
http://www.ubergizmo.com/2013/08/samsung-galaxy-gear-smartwatch-to-be-un...

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post