ကြောင်တစ်ကောင်ကဲ့သို့ ခုန်ပေါက် ပြေးလွှားနိုင်သော စက်ရုပ်တီထွင်

ရှာဖွေရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် ကြောင်တစ်ကောင်ကဲ့သို့ လျှင်မြန်စွာ ပြေးလွှားနိုင်သော စက်ရုပ် တစ်ခုကို
တီထွင်ခဲ့ကြောင်း ဆွစ်ဇာလန် သုတေသန ပညာရှင်များက ဇွန်လ (၁၇) ရက်နေ့က ပြောကြားခဲ့သည်။

အိမ်မွေးကြောင် အရွယ် သို့မဟုတ် ကျားသစ်ပေါက် အရွယ်ရှိသော စက်ရုပ်ငယ်သည် အရွယ်ရောက်ပြီး လူတစ်ဦး လျင်မြန် ဖြတ်လတ်စွာ လမ်းလျှောက်သကဲ့သို့ မြန်မြန်ဆန်ဆန် ရွေ့လျား သွားလာနိုင်သည်ဟု ဖြည့်စွက် ပြောကြားခဲ့သည်။ (၃၀) ကီလို သို့မဟုတ် (၆၆) ပေါင်အောက် စက်ရုပ် အသေးစားများထဲတွင် ၄င်းက အမြန်ဆုံးဖြစ်ကာ ၊ တစ်စက္ကန့်လျှင် (၁.၄၂) မီတာ သို့မဟုတ် (၄.၆၅) ပေခန့် နှုန်းဖြင့် အမြန်ဆုံး သွားလာနိုင်သည်။ ထို့ကြောင့် တစ်နာရီလျှင် (၅.၁) ကီလိုမီတာ သို့မဟုတ် (၃.၁) မိုင်နှုန်းခန့် သွားလာနိုင်မည် ဖြစ်ကြောင်း သိရသည်။ စက်ရုပ်၏ သတ္ထု ကိုယ်ထည်သည် (၂၀.၅) စင်တီမီတာ (၈ လက်မ) ရှည်လျားကာ (၁၆) စင်တီမီတာ မြင့်ပြီး၊ အလေးချိန် (၁.၁) ကီလိုဂရမ် (၂.၂၄ ပေါင်) ရှိကြောင်း သိရသည်။

Source: CNA

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post