ကမ္ဘာကျော် Google ကုမ္ပဏီကြီးမှ သိပ္ပံပညာရှင်များသည် ဟီလီယံ ဓာတ်ငွေ့များ ဖြည့်တင်းထားသည့် လေပူဖေါင်း ၃၀ ကို နယူးဇီလန်နိုင်ငံ ၊
တောင်ပိုင်းကျွန်းပေါ်မှ နေ၍ လွှတ်တင်ခဲ့ကြသည်။ ကမ္ဘာပေါ်တ၀ှမ်း worldwide
web ဟုခေါ်သည့် အင်တာနက် မရရှိသည့် လူ ၅ ဘီလီယံကျော် အင်တာနက် ရရှိနိုင်ရန်
စိတ်ကူးဖြင့် ယခုကဲ့သို့ လွှတ်တင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသု့ Google ကုမ္ပဏီမှ အဆိုပါ Google ပူဖေါင်းများကို
လွှတ်တင်လိုက်ချိန်တွင် နယူးဇီလန်နိုင်ငံ Christchurch မြို့မှ အိမ်ခြေ ၅၀
ခန့်သည် အဆိုပါ ပူဖေါင်းများမှတစ်ဆင့် အင်တာနက် ဆက်သွယ်နိုင်ခဲ့ကြောင်း
သိရသည်။ အဆိုပါ Google ပူဖေါင်းများကို လေထဲမှာ ၃ လခန့် ပျံသန်း
လွှင့်မျောနေစေရန် စီမံထားသည်။ ဗြိတိန်နိုင်ငံ ၊ တက္ကသိုလ်မှ ကြိုးမဲ့
ကိရိယာများ ၊ ဂြိုလ်တုပညာ ကျွမ်းကျင်သူ Tim Tozer ၏ အားထုတ်
ကြိုးပမ်းမှုလည်း ဖြစ်သည်။
http://news.nationalgeographic.com/news/2013/06/130618-google-balloon-wi...
Wondershare Filmora Crack 10.5.5.24 လုပ်နည်း
3 years ago
0 Comments