Looking For Anything Specific?

ads header

Instagram အသုံးပြုသူများသည် ပထမ၂၄ လေးနာရီ အတွင်း ဗွီဒီယို ကလစ်ပေါင်း ၅ သန်း upload လုပ်ခဲ့ကြ

Facebook သည် ၄င်း၏ ဗီဒီယိုများကို လူကြိုက်များသော ဗွီဒီယို ဝေမျှသည့် platform တစ်ခုသို့ ပေါင်းထည့်ပေးခဲ့ပြီးနောက်
Instagram အသုံးပြုသူများသည် ပထမ၂၄ လေးနာရီ အတွင်း ဗွီဒီယို ကလစ်ပေါင်း (၅) သန်း upload လုပ်ခဲ့ကြကြောင်း CNET က ဖော်ပြခဲ့သည်။

၎င်းသည် ပြိုင်ဖက် Twitter ၏ Vine ကို တိုက်ရိုက် ယှဉ်ပြိုင်သွားဖို့ မျှော်လင့်နိုင်သည့် လက္ခဏာ တစ်ရပ် ဖြစ်သည်။ Instagram ၏ video mode သည် အသုံးပြုသူများအား (၁၅) စက္ကန့်စာ ဗွီဒီယိုအား မှတ်တမ်းတင်ခွင့်ပြုပြီး ၊ တစ်ဖက်တွင် Vine သည် အသုံးပြုသူများကို (၆) စက္ကန့်စာ ဗွီဒီယိုကိုသာ မှတ်တမ်း တင်ခွင့်ပြုသည်ကို တွေ့ရသည်။ Instagram တွင် ဗွီဒီယိုများ ဖန်တီးခြင်းသည် Vine တွင် ပြုလုပ်သကဲ့သို့ပင်ဖြစ်ကြောင်း ၊ မတူသည့် အချက်မှာ Instagram အသုံးပြုသူများ အတွက် တည်းဖြတ် ပြင်ဆင်နိုင်သည့် လုပ်ဆောင်ချက်များစွာ ပါရှိပြီး ၊ အခြားလုပ် မတူညီသည့် လုပ်ဆောင်ချက်များစွာကို အသုံးပြုနိုင်ခြင်းပင် ဖြစ်ကြောင်း Washington Post သတင်းစာ၏ သတင်းထောက် Hayley Tsukayama က ဖော်ပြခဲ့သည်။

http://natmonitor.com/2013/06/23/instagram-users-upload-5-million-clips-...

Post a Comment

0 Comments