Looking For Anything Specific?

ads header

လက်ဟန်ခြေဟန်ပြ ထိန်းချုပ် စေခိုင်းနိုင်မည့် Wi-Fi အသုံးပြု နည်းပညာသစ်

ဝါရှင်တန် တက္ကသိုလ်ရှိ သုတေသန ပညာရှင် အဖွဲ့တစ်ခုက လက်ဟန်ခြေဟန်ပြ ထိန်းချုပ် စေခိုင်းနိုင်မည့် Wi-Fi အသုံးပြု နည်းပညာသစ်ကို
တီထွင်ခဲ့ခြင်း ဖြစ်သည်။ ၄င်းအဖွဲ့ကို ကွန်ပြူတာ သိပ္ပံနှင့် အင်ဂျင်နီယာ တွဲဖက် ပါမောက္ခ Shyam Gollakota က ဦးဆောင်ခဲ့ကာ အိမ်တွင်း သို့မဟုတ် ရုံးတွင်း မည်သည့် နေရာမှမဆို လူခန္ဓာကိုယ် လှုပ်ရှားမှုများနှင့် လက်ဟန်ခြေဟန်ပြ ခိုင်းစေခြင်းများကို အာရုံခံ သိရှိနိုင်မည့် Wi-Fi ရေဒီယိုလှိုင်း အသုံးပြုထားသော WiSee ခေါ် နည်းပညာကို သုတေသနပြု တီထွင်ခဲ့ခြင်း ဖြစ်သည်။

၎င်းနည်းပညာကို ACM ၏ (၁၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မိုဘိုင်း ကွန်ပြူတာနှင့် ကွန်ယက် ဆက်သွယ်မှု ညီလာခံတွင် WiSee သုတေသန အဖွဲ့က တင်သွင်းခဲ့သည်။ ၄င်းသည် Microsoft ၏ Kinect ကဲ့သို့ အမြင်အာရုံ အခြေခံ ကိရိယာမျိုး မဟုတ်ပဲ ပတ်ဝန်းကျင်သို့ ကိရိယာမှတင် ကြိုထုတ်လွှင့်ထားသော Wi-Fi အချက်ပြ စနစ်များကို အသုံးပြုလျှက် အိမ် သို့မဟုတ် ရုံးတွင်း မည်သည့်နေရာမှမဆို လှုပ်ရှားမှုများကို အာရုံခံ သိရှိနိုင်မည့် စနစ်မျိုးဖြစ်သည်။ အသုံးပြုသူသည် WiSee receiver ရှေ့ဖက် စက်မြင်ကွင်းတွင် ရှိနေရန် မလိုကြောင်း ၊ ယုတ်စွအဆုံး အသုံးပြုသူသည် ကိရိယာနှင့် တစ်ခန်းတည်းတွင် အတူရှိနေရန် မလိုအပ်ဟုဆိုသည်။

http://arstechnica.com/information-technology/2013/06/researchers-teach-...

Post a Comment

0 Comments