Samsung ၏ မူပိုင်ခွင့်နှင့် ကုန်အမှတ်တံဆပ်များ လျှောက်ထားမှုက ကုမ္ပဏီ၏ အနာဂတ် smartwatch များ ထုတ်လုပ်သွားမည့်
အစီအစဉ် အသေးစိတ်ကို ဖော်ပြလျှက် ရှိသည်။ ရေးဆွဲထားသော ရုပ်ပုံများအရ ကိရိယာကို ကွေးနိုင် ဆန့်နိုင်သော မျက်နှာပြင်နှင့် ပြုလုပ်ထားကာ လက်ကောက်ဝတ်တွင် ၀တ်ဆင်နိုင်မည် ဖြစ်သည်။
ကိရိယာ၏ အခြား အစိတ်အပိုင်းများကိုမူ သတ္ထုနှင့် အခြား ဖန်တီးပြုပြင်ထားသော အရာများဖြင့် ပြုလုပ်ထားသည်။ ၄င်းကိရိယာကို တောင်ကိုရီးယား နိုင်ငံတွင် Samsung Gear အမည်ဖြင့် လည်းကောင်း၊ အမေရိကန် နိုင်ငံတွင်မူ Samsung Galaxy Gear ဟူသော အမည်ဖြင့် လည်းကောင်း မှတ်ပုံတင်ထားရှိကြောင်း စာရွက်စာတမ်း တစ်ချို့တွင် ဖော်ပြထားသည်။
http://www.bbc.co.uk/news/technology-23587448