လူမှုကွန်ယက်များကို ချိတ်ဆက်ပေးနိုင်သော်လည်း Facebook သည် လူမှုဘ၀တွင် စိတ်ကျေနပ်စရာ မကောင်းကြောင်း တွေ့ရှိ

အင်တာနက် လူမှုကွန်ယက် တစ်ခုဖြစ်သည့် facebook အသုံးပြုသူများ အနေဖြင့် များများသုံးလေလေ ၊ ပျော်ရွှင်မှု ပျောက်ဆုံးလေလေ ဖြစ်ကြောင်း
လူတစ်ယောက်မှာ လိုအပ်နေတဲ့ အခြေခံလူမှုရေး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေပေ မယ့် နောက်ဆက်တွဲ အနေနဲ့ သုခကို ပိုပြီးခံစားမယ့် အစား ဆန့်ကျက်ဘက် ရလာဒ်များကို ရရှိစေကြောင်း”  မီချီဂန် တက္ကသိုလ် လူမှုရေး စိတ်ပညာရှင် Ethan Kross မှ ပြောကြားခဲ့သည်။

သုတေသီများသည် စမတ်ဖုန်းများနှင့် facebook အသုံးပြုနေသည့်  လူငယ် ၈၂ ဦးကို တစ်နေ့လျှင် ငါးကြိမ်မျှ ဓမ္မဓိဌာန်ကျသည့် မေးခွန်းများကို ရက်သတ္တပတ် ၂ပတ် အတွင်း မေးမြန်းကာ သုတေသန ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ သုတေသီများသည် facebook အသုံးပြုခြင်း အတွက် ဘ၀တွင် ကျေနပ်နေခြင်းနှင့် ပျော်ရွှင်မှု ရရှိသည့် အတိုင်းအတာ ပမာဏကို စမ်းသပ်ရန် ဖြစ်ကြောင်း facebook အသုံးပြုသူများသည် အသုံးပြုချိန် ကြာမြင့်လေလေ ကျေနပ်မှု ရရှိသည့် အတိုင်းအဆပမာဏ လျော့ကျလေလေ ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

source- AFP/xq
http://www.channelnewsasia.com/news/technology/facebook-boosts/777156.html

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post