Looking For Anything Specific?

ads header

အားလုံးစိတ်ကျေနပ်ကြရသည့် Goal-line technology

Chelsea နှင့် Hull City ကစားသည့် ပရီးမီးယားလိဂ် ပွဲစဉ်တွင် အဆင်ပြေပြေဖြင့် အလုပ်ဖြစ်ခဲ့သည့် အတွက် Goal-line technology အား
ပရီးမီးယားလိဂ် တာဝန်ရှိသူများရော ပရိတတ်သတ်များမှပါ ကျေနပ်လျှက်ရှိသည်။ Chelsea ၏ အိမ်ကွင်း Stamford Bridge တွင် Hawk Eyes နည်းပညာသုံး ဂိုးလိုင်း အာရုံခံစနစ်ကို တပ်ဆင်ထားပြီး ပထမပိုင်း ပြီးခါနီးတွင် Goal-line technology အား စမ်းသပ်ခဲ့သည်။
 
 
Frank Lampard ကန်တင်ပေးသော ထောင့်ကန်ဘောကို Chelsea နောက်ခံလူ Branislav Ivanovic က ခေါင်းတိုက် ဂိုးသွင်းရန် ကြိုးစားသော်လည်း Hull City ဂိုးသမား Allan McGregor က ဂိုးစည်းပေါ်မှ ကာကွယ်သွားခဲ့သည်။ အဆိုပါ အခြေအနေအရ ဂိုးဝင်မဝင် သံသယ ဖြစ်နိုင်စရာ အခြေအနေ ဖြစ်သော်လည်း ပြန်လည် စစ်ဆေးမှုများအရ Goal-line technology က တိကျမှန်ကန်စွာ ဆုံးဖြတ်ပေးနိုင်ခဲ့သည်။ ဘောလုံးဂိုးဝင်မဝင် ဆုံးဖြတ်မှုယူရန် ဒိုင်လူကြီး Jonathan Moss က ၎င်း၏ Goal-line technology နာရီတွင် တုန်ခါလာမှု ရှိမရှိကို စစ်ဆေးခဲ့သည်။ အနှေးပြကွက်များအရ ဘောလုံးသည် ဂိုးစည်းကို အပြည့်အဝ ဖြတ်ကျော်ခြင်း မရှိကြောင်း တွေ့ရပြီး ဂိုးမဝင်ဟု တိတိကျကျ ပြသပေးပြီး Goal-line technology ၏ ဆုံးဖြတ်ချက်သည် အားလုံး စိတ်ကျေနပ်ဖွယ် တိကျခဲ့ကြောင်း အတည်ပြုနိုင်ခဲ့သည်။
 
 
 
 
 
 
Ref: tsn.ca

Post a Comment

0 Comments