Looking For Anything Specific?

ads header

ဗီယက်နမ် သိပ္ပံနှင့်နည်းပညာ ဌာနမှ မောင်းသူမဲ့ လေယာဉ်များကို အောင်မြင်စွာ စမ်းသပ် ပျံသန်းပြခဲ့ခြင်း

ဗီယက်နမ် အာကာသ နည်းပညာ တက္ကသိုလ်မှ ထုတ်လုပ်သော မောင်းသူမဲ့ လေယာဉ် ခြောက်စင်းကို နိုင်ငံ အလယ်ပိုင်း Lam Dong ခရိုင်
Da Lat မြို့၌ အောင်မြင်စွာ စမ်းသပ်ပျံသန်း နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ AV.UAV S2 မောင်းသူမဲ့ လေယာဉ်များအား Cam Ly military လေဆိပ်မှ ထိန်းချုပ်မှု မပါဘဲ စတင် လွှတ်တင်ခဲ့ခြင်း ဖြစ်သည်။

အမည်မပေးရသေးသည့် အဆိုပါ AV.UAV S2 လေယာဉ်ငယ်သည် ကင်မရာဖြင့် မှတ်တမ်းတင်မှုများ ၊ ရောင်စဉ်တိုင်း ကိရိယာများအပြင် ဌာနတွင်းမှပင် တီထွင်ထားသည့် အခြား ကိရိယာများကိုလည်း တပ်ဆင်ထားကြောင်း Vietnam Academy of Science and Technology မှ ဒါရိုက်တာ Chau Van Minh မှ ပြောကြားခဲ့သည်။ အဆိုပါ မောင်းသူမဲ့ လေယာဉ် ခြောက်စင်းမှ စမ်းသပ် ပျံသန်းစဉ်အတွင်း Lam Dong ခရိုင်ရှိ ရေမျက်နှာပြင်နှင့် သစ်တော အရင်းအမြစ်ဆိုင်ရာ မှတ်တမ်းဓာတ်ပုံ ၃၀၀ ကျော်ကို ရိုက်ကူးနိုင်ခဲ့သည်ဟု သိရသည်။

http://talkvietnam.com/2013/05/vietnam-unmanned-aircrafts-successfully-t...

Post a Comment

0 Comments