Looking For Anything Specific?

ads header

3G စနစ် ပါဝင်မည့် ၁၉၉ ဒေါ်လာတန် Archos 80 Xenon tablet

Archos tablet အသစ်ဖြစ်သည့် 80 Xenon ကို ဇွန်လတွင် (၁၉၉) ဒေါ်လာဖြင့် ၀ယ်ယူ ရရှိနိုင်မည် ဖြစ်သည်။ 80 Xenon တွင်
iPad Mini နှင့် ဆင်တူသော ၈ လက်မ အရွယ် IPS screen ပါရှိကာ 1,024x768-pixel resolution ဖြင့် ဖော်ပြ ပေးနိုင်သည်။

1.2GHz quad-core Snapdragon S4 ပရိုဆက်ဆာနှင့် ဂရပ်ဖစ် စွမ်းရည်အတွက် Adreno 203 ကို အသုံးပြုပေးထားသည်။ 3G (WCDMA 2100) ၊ 2G (GSM 850/900/1800/1900) နှင့် Wi-Fi ကွန်ယက် ဆက်သွယ်မှု စနစ်များကို အထောက်အပံ့ ပေးနိုင်သည်။ စက်တွင်း အချက်အလက် သိုလှောင်နိုင်မှု 4GB ၊ RAM 1GB တို့ပါဝင်ကာ 2-megapixel အနောက်ဖက် ကင်မရာ တစ်ခုပါရှိသည်။ GPS၊ Bluetooth စနစ်တို့ပါဝင်ကာ microSD card ဖြင့် အချက်အလက် သိုလှောင်နိုင်မှု 64GB ထိ တိုးချဲ့နိုင်မည် ဖြစ်သည်။ Android 4.1 စနစ်ဖြင့် မောင်းနှင်ပေးထားမည် ဖြစ်သည်။

http://reviews.cnet.com/tablets/archos-80-xenon/4505-3126_7-35762192.html

Post a Comment

0 Comments