Looking For Anything Specific?

ads header

တစ်လမပြည့်ခင် အချိန် ကာလအတွင်း ၁၀ သန်းကျော် ရောင်းချခဲ့ရသည့် Samsung Galaxy S 4 Smartphone များ

Samsung Galaxy S 4 စမတ်ဖုန်းများသည် စတင် ဖြန့်ချိ ရောင်းချခဲ့သည့် ဧပြီလ (၂၆) ရက်နေ့မှ ယနေ့အထိ အချိန်ကာလ (၁) လ မပြည့်မီကပင်
အလုံးရေ (၁၀) သန်းကျော် ရောင်းချခဲ့ရကြောင်း တောင်ကိုရီးယား Sungsung ကုမ္ပဏီမှ ပြောကြားခဲ့သည်။

ယခင် S 3 ရောင်းချစဉ်က အဆိုပါ ရောင်းအား ရရှိရန်အတွက် ရက်ပေါင်း (၅၀) အချိန်ယူခဲ့ရသည်။ S 4 အား စတင် ဖြန့်ချိ ရောင်းချစဉ်မှ စတင်ပြီး အမေရိကန် ပြည်ထောင်စုနှင့် တခြားကမ္ဘာ့နိုင်ငံ အတော်များများရှိ ဈေးကွက်များအား ထိုးဖောက်နိုင်ရန် မျှော်မှန်းထားကြောင်း ၊ အမေရိကန် နိုင်ငံထုတ် Apple အပါအ၀င် တခြား Brand ဟန်းဆက်များမှာ ဧပြီလအတွင်း ရောင်းအားများ မသိမသာ ကျဆင်းခဲ့ပြီး လက်ရှိ S4 ရောင်းအားမှာ ဈေးကွက်အတွင်း ဦးဆောင်လျက် ရှိကြောင်း Samsung ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ S 3 အား ဈေးကွက်အတွင်း စတင် ဖြန့်ချိ ရောင်းချခဲ့သည့် ၂၀၁၂ ခုနှစ် မေလမှ စတင်ကာ ယခုထိ ဖုန်းအရေအတွက် သန်း (၆၀) ခန့် ရောင်းချခဲ့ပြီး ဖြစ်သည်။

Post a Comment

0 Comments