Looking For Anything Specific?

ads header

Samsung Galaxy S4 ၏ Google Edition အား ဇွန်လ ၂၆ ရက်နေ့တွင် ရောင်းချမည်

Samsung Galaxy S4 ၏  Google Edition ကို တရားဝင် ရောင်းချသွားမည် ဖြစ်သည်။ Android လည်ပတ် စနစ်သုံး
Samsung Galaxy S4 သိုလှောင်ပမာဏ 16GB ဗားရှင်းကို အမေရိကန်ဒေါ်လာ (၆၄၉) ဒေါ်လာဖြင့် ဇွန်လ (၂၆) ရက်နေ့တွင် ၀ယ်ယူရရှိနိုင်မည် ဖြစ်သည်။ Samsung ၏ အဆင့်မြင့် ဖုန်းဖြစ်သည့် Google Edition ဖုန်းကို GSM ၊ HSPA+ နှင့် LTE ကွန်ယက် စနစ်များ အတွင်း အသုံးပြုနိုင်ရန် unlocked ပြုလုပ်ပေးထားမည် ဖြစ်သည်။

ထို့ကြောင့် အမေရိကန် နိုင်ငံတွင် AT&T သို့မဟုတ် T-Mobile ကွန်ယက်များတွင် စာချုပ်မပါပဲ အသုံးပြုနိုင်မည် ဖြစ်သည်။ နောက်ဆုံးပေါ် ဖုန်းအများစုသည် carrier ကုမ္ပဏီ၏ အထောက်အပံ့ပေါ် မူတည်ပြီး ဈေးနှုန်း သတ်မှတ်ချက် အမျိုးမျိုးဖြင့် ၀ယ်ယူရလေ့ရှိကာ လူတိုင်းအတွက်တော့ မဟုတ်ပေ။ သို့သော် ယခု တစ်ကြိမ်တွင် သတ်မှတ်ဈေးနှုန်း ပေးဝယ်နိုင်သူ မည်သူမဆို ရရှိနိုင်မည် ဖြစ်သောကြောင့် Android ဖုန်းတစ်လုံး အတွက် ဈေးကွက်တွင် အကောင်းဆုံး အခွင့်အလမ်း တစ်ရပ် ဖြစ်နိုင်သည်။ Samsung ၏ TouchWiz interface သည် စွမ်းဆောင်ရည်ရှိကာ ရွေးချယ်စရာ အခွင့်အလမ်းများစွာကို ပေးနိုင်သော်လည်း စွဲဆောင်မှု သိပ်မရှိလှပေ။ လူအများစု အသုံးပြုလေ့ မရှိသော Samsung apps များကြောင့် system memory အများအပြား နေရာယူထားသည့် အတွက် 16GB Galaxy S4 သည် 9GB ထက်နည်းသော မှတ်ဥာဏ် နေရာလွတ်ကိုသာ ရရှိနိုင်ကြောင်း လူအများအား သတိပြုမိစေပါက ၄င်းအချက်သည် Samsung အတွက် ဖြေရှင်းရမည့် ပြဿနတစ်ရပ် ဖြစ်လာနိုင်သည်။

http://www.latinospost.com/articles/19274/20130516/samsung-galaxy-s4-goo...


Post a Comment

0 Comments