Looking For Anything Specific?

ads header

Samsung ၏ Galaxy S4 Mini ကုန်ပစ္စည်းအသစ် ဈေးကွက်တွင် မိတ်ဆက်

တောင်ကိုးရီးယား နိုင်ငံ အခြေစိုက် မိုဘိုင်းဖုန်း ကုမ္ပဏီ တစ်ခုဖြစ်သော Samsung လျှပ်စစ်ပစ္စည်း ကုမ္ပဏီသည် သာမန်ဖုန်းများထက်
ပိုမို ပါးချလိုက်သည့် Galaxy S4 "Mini" ကို ဈေးကွက်တွင် ပြသလိုက်ပြီ ဖြစ်သည်။ အဆိုပါ ကုန်ပစ္စည်း အသစ် Galaxy S4 "Mini" သည် ၄.၃ လက်မသာ ရှိပြီး အလေးချိန် ၁၀၇ ဂရမ်ရှိကာ အလွယ်တကူ သယ်ယူနိုင်ပြီး လက်တစ်ဖက်တည်းဖြင့် ကိုင်ကာ ဖုန်းအတွက် လုပ်ဆောင်ချက် အားလုံးအား ကိုင်တွယ် လုပ်ဆောင်နိုင်ကြောင်း ကုမ္ပဏီ၏ ဖော်ပြချက်တွင် ပါရှိသည်။

Samsung ပရိသတ်များကို ရွေးချယ်မှု ပိုမိုလာစေရန် ဆန္ဒဖြင့် Galaxy S4 mini ကို ထုတ်လုပ်ခြင်း ဖြစ်ကြောင်း၊ ဧပြီလ (၂၆)ရက်နေ့တွင် ဈေးကွက်ထဲ ရောက်ရှိခဲ့သည့် Galaxy S4 ထက် ပိုမိုကျစ်လျစ်ပြီး စွမ်းဆောင်ရည်လည်း မြင့် မားကြောင်း Samsung ကုမ္ပဏီ၏ IT &mobile communication ဌာန အကြီးအကဲ J.K. Shin မှ ပြောကြားခဲ့သည်။ အသစ် ထုတ်လုပ်လိုက်သည့် Galaxy S4 "Mini" တွင် 1.7GHz dual core processor ၊ 8.0-megapixel ကင်မရာတို့ ပါဝင်ပြီး ဈေးနှုန်းနှင့် စတင်ရောင်းချမည့် နေ့ရက်ကို အတည်မပြု သေးကြောင်း သိရသည်။

Post a Comment

0 Comments