အင်ဒိုနီးရှားနိုင်ငံတွင် ဆိုင်ဘာတပ်ဖွဲ့ ဖွဲ့စည်းကာ နိုင်ငံတော်၏ လုံခြုံရေးအား ကာကွယ်သွားမည်

နည်းပညာ ဖွံ့ဖြိုးလာခြင်းသည် တစ်ဖက်တွင် အားသာချက်များစွာ ရှိပြီး တစ်ဖက်တွင်လည်း နည်းပညာဖြင့် မကောင်းမှုများ ကျုးလွန်လာသည့်
စိန်ခေါ်မှုများကိုလည်း ကြုံတွေ့လာရသည်။ ယခုအခါ အမေရိကန် နိုင်ငံ အပါအ၀င် နိုင်ငံများစွာ၌ ဆိုက်ဘာ တိုက်ခိုက်မှုများ တိုးမြှင့် ဖြစ်ပွားလျက်ရှိလာရာ အင်ဒိုနီးရှား နိုင်ငံမှလည်း ဆိုင်ဘာ ကာကွယ်ရေး တပ်ဖွဲ့ "cyber army"ကို ဖွဲ့စည်းသွားရန် စီစဉ်နေကြောင်း သိရသည်။

နိုင်ငံ၏ အချုပ်အခြာ အာဏာကို ထိန်းသိမ်းရန် နိုင်ငံ၏ လုံခြုံရေးကို ထိခိုက်နိုင်ဖွယ် ရှိသော နိုင်ငံ၏ အင်တာနက် ဝက်ဘ်ဆိုက်များအား ၀င်ရောက် နှောင့်ယှက်သည့် ဟက်ကာများ၏ တိုက်ခိုက်မှုကို ကာကွယ်ရန် ရည်ရွယ်ချက်ဖြင့် ဆိုင်ဘာတပ်ဖွဲ့ဟု ခေါ်သော အထူးတပ်ဖွဲ့ တစ်ဖွဲ့ကို ဖွဲ့စည်းသွားမည် ဖြစ်သည်။ ထို့အပြင် အဆိုပါ ဆိုင်ဘာ တပ်ဖွဲ့၏ စစ်ဆင်ရေးကို တရားဝင် ဖြစ်စေရန်အတွက် ဥပဒေ တစ်ရပ်ကိုလည်း ပြဋ္ဌာန်းသွားမည် ဖြစ်ကြောင်း အင်ဒိုနီးရှား ကာကွယ်ရေး ဝန်ကြီးဌာနမှ ထိပ်တန်း အရာရှိ M. Hutabarat က ပြောကြားခဲ့သည်။

http://www.business-standard.com/article/news-ians/indonesia-to-create-i...



Please Select Embedded Mode To Show The Comment System.*

Previous Post Next Post