Samsung Galaxy S4 ကို စတင် ရောင်းချခဲ့သည့် ပထမ လအတွင်း အလုံးရေ ၁၀ သန်း ရောင်းချခဲ့ရ

Samsung Electronics သည် ၄င်း၏ နောက်ဆုံးပေါ် စမတ်ဖုန်းသစ် Galaxy S4 ကို ကမ္ဘာတစ်ဝှမ်းလုံးသို့ စတင် ကြေညာ ရောင်းချခဲ့ရာ
ဈေးကွက်တင်ပြီး တစ်လအတွင်း စမတ်ဖုန်း အလုံးရေ (၁၀) သန်း ရောင်းချခဲ့ရသည်ဟု ဆိုသည်။

၎င်းအား ဧပြီလ (၂၇) ရက်နေ့က ကမ္ဘာတစ်ဝှမ်းလုံး ဖြန့်ချီ ရောင်းချခဲ့ခြင်း ဖြစ်ကာ ခန့်မှန်းခြေ တစ်စက္ကန့်လျှင် စမတ်ဖုန်း (၄) လုံးနှုန်း ရောင်းချခဲ့ရကြောင်း သိရသည်။ သို့သော် မည်မျှပင် Samsung ၏ Galaxy S စီးရီး စမတ်ဖုန်း များ ဈေးကွက်ဝင် စန်းပွင့်သော်လည်း Apple ၏ iPhones များလောက် ရောင်းအား မကောင်းသေးကြောင်း သိရသည်။ Galaxy S4 သည် ယခင် Galaxy S စီးရီး စမတ်ဖုန်းများထက် ပိုပြီး မြန်မြန်ဆန်ဆန် ရောင်းအား တက်ခဲ့သည်ဟု ဆိုသည်။ တစ်ဖက်တွင် iPhone 5 သည် စတင် ရောင်းချခဲ့သည်မှ တစ်ပတ်အတွင်း အလုံးရေ (၅) သန်း ရောင်းချခဲ့ရပြီး ၊ ပထမ သုံးလပတ်အတွင်း iPhone 5 အလုံးရေ (၄၇) သန်းကျော် တင်ပို့ ရောင်းချခဲ့ရ ကြောင်း သိရသည်။

http://www.xbitlabs.com/news/mobile/display/20130527183103_Samsung_Sells...

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post