ဈေးကွက်ကွန်ယက် စနစ်အား အာရုံစိုက်လာသည့် Google

Google အနေဖြင့်  ဆာဟာရ-အာဖရိက ဒေသနှင့် အရှေ့တောင်အာရှ ဒေသတို့ အပါအ၀င် တခြားသော နိုင်ငံတကာသို့
ဝါယာလက်စ် (ကြိုးမဲ့) ဈေးကွက် ကွန်ယက်စနစ် ဖြန့်ကျက် ထူထောင်နိုင်ရန် အထူး စိတ်ပါဝင်စား အာရုံစိုက်လျက်ရှိပြီး အဆိုပါ ကွန်ယက်ဆက်စပ် စီမံကိန်းများတွင် ထိထိရောက်ရောက် ပါဝင် ဆောင်ရွက်နိုင်ရန် ကြိုးစားလျက်ရှိကြောင်း သိရှိရသည်။

Google မှ တခြားတခြားသော နိုင်ငံများရှိ ဒေသတွင်း Network Company များနှင့် ချိတ်ဆက် ပူးပေါင်းကာ လိုအပ်သည့် ပံ့ပိုးကူညီမှုများပေးကာ ဈေးကွက် ကွန်ယက် ချဲ့ထွင်သွားမည် ဖြစ်သည်။ ၀ါယာလက်စ် နည်းပညာများအဖြစ် ပံ့ပိုးကူညီနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ပြီး တန်ဖိုးနည်း Android စနစ် စမတ်ဖုန်းများနှင့် မိုက်ခရို Processors သစ်များကို အသုံးပြုကာ Ecosystem တစ်ခု ဖန်တီးသွားရန်လည်း စီစဉ်သွားမည် ဖြစ်ကြောင်း ၊ အဆိုပါ စနစ်အား အောင်မြင်စွာ ဖန်တီးနိုင်ခဲ့မည် ဆိုပါက တစ်နေရာနှင့်တစ်နေရာ ကွန်ယက် ချိတ်ဆက်ရန် အတွက် မိုးပျံပူဖောင်းများ သို့မဟုတ် ဓာတ်ငွေ့ မိုးပျံယာဉ်များသာ အသုံးပြုရန် လိုအပ်မည် ဖြစ်ကြောင်း၊ အဆိုပါ စီမံကိန်းများအား လက်တွေ့ အကောင်အထည် ဖော်ဆောင်နိုင်ရန်အတွက် ယခုအခါ Google အနေဖြင့် တောင်အာဖရိက ၊ ကင်ညာတို့ အပါအ၀င် တခြားသော နိုင်ငံများမှ တာဝန်ရှိသူများနှင့် ဆွေးနွေး ညှိနှိုင်းနေပြီ ဖြစ်ကြောင်း သိရှိရသည်။

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post