စာများကို အမျိုးအစား အလိုက် အုပ်စုဖွဲ့ပေးမည့် tabs များ ပါဝင်လာမည့် Gmail ပုံစံသစ်

web နှင့် မိုဘိုင်း အသုံးပြုသူများ အတွက် နေ့စဉ် ၀င်ရောက်လာသည့် စာများကို အကြောင်းအရာအလိုက် ခွဲခြား သိမြင်နိုင်ရန်
Gmail ၏ ပုံစံကို ပြောင်းလဲပေးသွားမည် ဖြစ်ကြောင်း သိရသည်။ Gmail ၏ inbox အသစ်သည် ၀င်ရောက်လာသည့် စာများကို အကြောင်းအရာ အလိုက် ကွဲပြား ခြားနားသည့် tabs များဖြင့် ဖေါ်ပြပေးမည် ဖြစ်သည်။ ထိုကဲ့သို့ အကြောင်းအရာအလိုက် tabs များမှာ Primary ၊ Social ၊ Promotions နှင့် Updates စသည်တို့ ဖြစ်ကြောင်း သိရသည်။

ဥပမာ Primary အမည်ရှိ tab တွင် သင်၏ လုံးဝလက်လွှတ်၍ မရသော အရေးကြီးသည့် စာများကို လက်ခံပေးမည် ဖြစ်သည်။ လူမှုရေး စာမျက်နှာများ ဖြစ်သည့် Google+ နှင့် YouTube တို့ထံမှ Updates များသည် social tab တွင် ပေါ်နေမည် ဖြစ်ပြီး ၊ အသုံးပြုသူများသည် သက်ဆိုင်ရာ ၀က်ဘ်စာမျက်နှာများသို့ သွားရောက်ရန် မလိုအပ်ပဲ အဆိုပါ tab မှတဆင့် comment များ ရေးသားနိုင်မည် ဖြစ်သည်။ အလားတူ promotions and offers၊ updates နှင့် bills and receipts စသည့် tabs များစွာ ပါဝင်လာမည် ဖြစ်သည်။ အသုံးပြုသူသည် inbox အသစ်အား မိမိစိတ်ကြိုက် ပြင်ဆင် တည်းဖြတ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

http://ibnlive.in.com/news/google-revamps-gmail-adds-tabs-to-group-your-...

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post