သင်တို့၏ iPhone နှင့် iPad များအတွက် မိုဘိုင်း လည်ပတ်စနစ် အသစ်တစ်ခုအား Apple CEO Tim Cook က ဆောင်ယူပေးတော့မည် ဖြစ်သည်။
၎င်းတွင် လုပ်ဆောင်ချက် အသစ်များနှင့် သစ်လွင်သော အဆင်အပြင် ဒီဇိုင်းအသစ်များ ပါဝင်လာမည် ဖြစ်သည်။
full multitasking လုပ်ဆောင်ချက်မှသည် Pandora ကဲ့သို့ iTunes Radio အထိ
ပါဝင်လာမည် ဖြစ်သည်။ သင်၏ ဓါတ်ပုံများကို စုစည်းပေးခြင်း ၊ AirDrop
ဝေမျှခြင်း လုပ်ဆောင်ချက်သစ် ၊ သင်၏ apps များကို အလိုအလျှာက် update
ပြုလုပ်ပေးနိုင်ခြင်းနှင့် ခြုံငုံ သုံးသပ်ကြည့်ပါက အရာရာကို ယခင်ကထက်
ပိုမို လျှင်မြန်ပြီး ၊ ပိုမို စွမ်းဆောင်ရည် မြင့်မားစွာ ဆောင်ရွက်
လုပ်ကိုင်နိုင်မည် ဖြစ်ကြောင်း တွေ့နိုင်သည်။ ၄င်း iOS 7 ဗားရှင်း အသစ်ကို
iPhone 4 နှင့် အထက် ဗားရှင်းများ ၊ iPad 2 နှင့် အထက်ဗားရှင်းများ ၊ iPad
mini နှင့် iPod touch (ပဉ္စမမျိုးဆက်) တို့တွင် အဆင့်မြှင့်တင်နိုင်မည်
ဖြစ်ကြောင်း သိရသည်။
http://www.wired.com/gadgetlab/2013/06/whats-new-in-ios-7/
Wondershare Filmora Crack 10.5.5.24 လုပ်နည်း
3 years ago
0 Comments