အသစ် ထွက်ပေါ်လာမည့် Xbox One နှင့် ဆင်တူသော Xbox 360 ဂိမ်းစက် မော်ဒယ် အသစ်အား ဇွန်လ (၁၁) ရက်နေ့က Microsoft မှ
ထုတ်ဖေါ် ကြေညာခဲ့သည်။ ပိုမို ကျစ်လစ်သော ပုံစံသစ် Xbox 360 ကို ယခင် မော်ဒယ်အဟောင်းများနှင့် ဈေးအတူတူ ၀ယ်ယူရရှိနိုင်မည် ဖြစ်သည်။
4GB ဂိမ်းစက် တစ်ခုကို (၁၉၉) ဒေါ်လာ ၊ 250GB ဂိမ်းစက် တစ်ခုကို ဒေါ်လာ
(၃၀၀) နှင့် 4GB Kinect ကင်မရာ တစ်ခုကို ဒေါ်လာ (၃၀၀) အသီးသီးဖြင့်
ဝယ်ယူရရှိနိုင်မည် ဖြစ်သည်။ Xbox Live Gold memberships အသင်းဝင်များသည်
Xbox One ထွက်ပေါ်လာသည့် အချိန်ထိ အကျုံးဝင် အသိအမှတ်ပြုပေးမည် ဖြစ်ကြောင်း
Microsoft က အတည်ပြုပေးခဲ့သည်။ ထို့ပြင် Xbox One ထွက်ပေါ်လာသည့် အချိန်ထိ
တစ်လလျှင် ဂိမ်းနှစ်မျိုး အခမဲ့ download ယူခွင့် အစီအစဉ်သစ် တစ်ခုကိုလည်း
ဇူလှိုင်လ (၁) ရက်နေ့တွင် စတင်ပေးမည် ဖြစ်သည်။ အဆိုပါ အစီအစဉ်အတွက်
ပထမဦးဆုံး အခမဲ့ရနိုင်သည့် ဂိမ်းနှစ်ခုမှာ Assassin's Creed 2 နှင့် Halo 3
တို့ ဖြစ်သည်။
http://reviews.cnet.com/consoles/microsoft-xbox-360-4gb/4505-10109_7-357...
Wondershare Filmora Crack 10.5.5.24 လုပ်နည်း
3 years ago
0 Comments