အိန္ဒိယနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန သုတေသန ဌာန Defence Research and Development Organisation (DRDO) မှ စစ်တပ်တွင်
စစ်သားအဖြစ် အသုံးပြုနိုင်မည့် စက်ရုပ် စစ်သားများအား ထုတ်လုပ်နိုင်ပြီ ဖြစ်သည်။ စက်ရုပ် စစ်သားများသည် မှတ်ဥာဏ် မြင့်မားသည့်အတွက် ရန်သူ့ အခြေအနေများအား မိခင် တပ်ရင်းသို့ ပြန်လည် သတင်းပို့နိုင်မည် ဖြစ်သည်။
လတ်တလော အနေဖြင့် လူသား စစ်သားများကို ကူညီပေးရန် တီထွင်ထားပြီး လက်တွေ့တိုက်ပွဲ အတွေ့အကြုံများနှင့် လိုအပ်ချက်များကို ဖြည့်တင်းကာ နောက်ပိုင်းတွင် လူသား စစ်သားများရှေ့မှ ဦးဆောင်သွားမည့် ကွန်မန်ဒို တပ်သားများကဲ့သို့ လုပ်ဆောင်သွားရန် ရည်ရွယ်ထားကြောင်း DRDO ဥက္ကဋ္ဌ Avinash Chander က ပြောကြားခဲ့သည်။ အဆိုပါ စက်ရုပ်များအား တည်ငြိမ်အေးချမ်းမှု မရှိသော အိန္ဒိယနှင့် ပါကစ္စတန် နယ်စပ်ရှိ ဂျမ်မူးနှင့် ကတ်ရှ်မီးယား ဒေသ နယ်စပ် ထိန်းချုပ်ရေး မျဉ်းတွင် တပ်ဖြန့် ချသွားမည် ဖြစ်သည်။
http://www.thesun.co.uk/sol/homepage/news/4963142/indian-army-announces-...