ရန်ကုန်မြို့ MICT Part အတွင်းမှာ ဆောင်ရွက် လျက်ရှိတဲ့ Data Center
နဲ့ပတ်သက်ပြီး ၀န်ဆောင်မှု များကို လာမယ့် ၂၀၁၄ ခုနှစ် အတွင်းမှာ စတင်
ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ ဇွန်လ ၁၂ ရက်နေ့က ရန်ကုန်မြို့ MICT Part
မှာ ပြုလုပ်တဲ့ Establishment of a Data Center အခမ်းအနားမှ သိရပါတယ်။
အဆိုပါ Data Center ဟာ ပြောင်းလဲ လာတဲ့ ဈေးကွက် စီးပွားရေး စနစ်နဲ့အညီ
အိုင်စီတီ လုပ်ငန်းမှာ တိုးတက် လာတာနဲ့အမျှ လုပ်ငန်းတိုင်းမှာ မရှိမဖြစ်
လိုအပ် လာတဲ့ မိမိတို့ရဲ့ သတင်း အချက်အလက်များ လုံခြုံစွာ သိမ်းဆည်း
ထားနိုင်တဲ့ နေရာတစ်ခုဖြစ်တဲ့ အပြင် လုံခြုံရေး အစီအမံတွေ ကောင်းမွန်တဲ့
နေရာတစ်ခု သတင်း အချက်အလက်တွေ သိမ်းဆည်း ထားတဲ့ စက်ပစ္စည်းတွေ ၂၄ နာရီ
ရက်သတ္တပတ်လုံး လည်ပတ်နိုင်ဖို့ လိုအပ်တဲ့ Facilities တွေကို ရရှိနိုင်တဲံ့
နေရာတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။
Wondershare Filmora Crack 10.5.5.24 လုပ်နည်း
3 years ago
0 Comments