တောင်ကိုရီးယား၏ အစိုးရ၀က်ဘ်ဆိုဒ်များ ဆိုက်ဘာတိုက်ခိုက်မှုနှင့် ရင်ဆိုင်နေရ

တောင်ကိုရီးယားသမ္မတရုံး ၀က်ဘ်ဆိုဒ် အပါအ၀င် အစိုးရရုံး ၀က်ဘ်ဆိုဒ်တွေဟာ ဆိုက်ဘာ တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့
သိရပါတယ်။ တိုက်ခိုက်မှုတွေဟာ ကိုရီးယားစစ် စတင်ဖြစ်ပွားခြင်း နှစ်ပတ်လည်နေ့ဖြစ်တဲ့ ပြီးခဲ့တဲ့ အင်္ဂါနေ့က ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ တောင်ကိုရီးယား အစိုးရကလည်း သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ပြည်သူလူထုကို ဆိုက်ဘာ တိုက်ခိုက်မှုနဲ့ ပတ်သက်တဲ့ သတိပေးချက်တွေ ထုတ်ပြန်ထားပြီး၊ အဆိုပါ တိုက်ခိုက်မှုအတွင်း မြောက်ကိုရီးယားမှ ပါဝင်ပတ်သက်မှု ရှိ၊ မရှိကို စုံစမ်းစစ်ဆေးလျက်ရှိပါတယ်။

ဆိုးလ်မြို့ရှိ သမ္မတရုံးရဲ့ ပြောကြားချက်အရ ပြီးခဲ့တဲ့ အင်္ဂါနေ့ နံနက်ပိုင်းက သမ္မတရုံး ၀က်ဘ်ဆိုဒ်အတွင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်ကို ချီးကျူးဂုဏ်ပြုထားတဲ့ မက်ဆေ့ခ်ျတစ်စောင် ၀င်ရောက်မှုမှစတင်ပြီး၊ ဆိုက်ဘာတိုက် ခိုက်မှုတွေ စတင်ခဲ့တာဖြစ်ပါတယ်။ တိုက်ခိုက်ခံရပြီး ၆နာရီအကြာမှာတော့ ၀က်ဘ်ဆိုဒ်ကို ပုံမှန်အတိုင်းဖြစ်အောင် ပြန်လည် ပြင်ဆင်နိုင်ခဲ့ပါတယ်။

ဆိုက်ဘာ တိုက်ခိုက်မှုတွေဟာ အခြားပုဂ္ဂလိက ၀က်ဘ်ဆိုဒ်တွေမှာ လည်း ဖြစ်ပေါ်ခဲ့ပါ တယ်။ ပြီးခဲ့တဲ့ မတ်လကလည်း တောင်ကိုရီးယား ရုပ်သံလွှင့်ဌာနတွေနဲ့ ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ၀က်ဘ်ဆိုဒ်တွေမှာလည်း ဆိုက်ဘာ တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး၊ ဒါဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ လက်ချက်ဖြစ်တ ယ်လို့ တောင်ကိုရီးယား အစိုးရက ပြောကြားခဲ့တယ်လို့ သိရပါတယ်။

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post