အမေရိကန် အစိုးရ၏ အီလက်ထရွန်းနစ် စောင့်ကြည့် စုံစမ်းရေး အစီအစဉ်အရ အင်တာနက် ကုမ္ပဏီ အတော်များများသည် အမေရိကန် အစိုးရမှ
တောင်းဆိုသည့် သတင်း အချက်အလက်များကို ပံ့ပိုးရန် သဘော တူညီခဲ့ရသည်။
အင်တာနက် ကုမ္ပဏီများ အနက် Facebook မှ ပထမဆုံး သဘောတူခဲ့ပြီး ၂၀၁၂
ခုနှစ်အတွင်း သတင်း အချက်အလက် တောင်းဆိုမှု ၉,၀၀၀ နှင့် ၁၀,၀၀၀ အကြိမ်
ရှိခဲ့ကြောင်း သိရသည်။ ထိုသို့ တောင်းဆိုမှု သတင်းများ အတွက် အင်တာနက်
အသုံးပြုသူပေါင်း ၁၈,၀၀၀ နှင့် ၁၉,၀၀၀ ကြားမှ အချက်အလက်များကို
စုစည်းပေးခဲ့ရခြင်း ဖြစ်သည်။
Microsoft ကုမ္ပဏီမှ အချက်အလက် တောင်းဆိုမှု အကြိမ် ၆,၀၀၀ နှင့် ၇,၀၀၀
အကြား ရှိခဲ့ပြီး သုံးစွဲသူပေါင်း ၃၁,၀၀၀ နှင့် ၃၂,၀၀၀ တို့ထံမှ
အချက်အလက်များ ဖြစ်ကြောင်း သိရသည်။ ထိုသို့ အချက်အလက် တောင်းခံခဲ့သည့်
အဖွဲ့အစည်းများမှာ အမျိုးသား လုံခြုံရေး အေဂျင်စီ NSA အပါအ၀င် ပြည်နယ်
အစိုးရနှင့် ဒေသဆိုင်ရာ အစိုးရများ ဖြစ်သည်။
source: IBT
Wondershare Filmora Crack 10.5.5.24 လုပ်နည်း
3 years ago
0 Comments