Microsoft Office ကို iPhone တွင် အသုံးပြုနိုင်ပြီ


iPhones အသုံးပြုသူများ အတွက် Microsoft Office ကို Internet cloud အခြေခံ ၀န်ဆောင်မှု အဖြစ် အခပေး သုံးစွဲနိုင်မည် ဖြစ်ကြောင်း
ဇွန်လ (၁၄) ရက်နေ့က ပြောကြားခဲ့သည်။

iPhone အတွက် အခမဲ့ Office မိုဘိုင်း application ကို Apple App စတိုးမှတစ်ဆင့် ရယူနိုင်မည် ဖြစ်သော်လည်း Office 365 Home Premium သို့မဟုတ် Office 365 ProPlus ၀န်ဆောင်မှုများကို အခပေး မှတ်ပုံတင်ထားသူများသာ အသုံးပြုနိုင်မည် ဖြစ်သည်။ Office 365 တွင် တစ်နှစ်စာ မှတ်ပုံတင်ကြေး ဒေါ်လာ (၁၀၀) ပေးဆောင်ထားလျှင် Microsoft Office Word ၊ Exel ၊ Powerpoint စသည့် application များကို မိုဘိုင်းပစ္စည်း (၅) ခုတွင် ရယူ အသုံးပြုနိုင်မည် ဖြစ်သည်။ အသုံးပြုသူများသည် မိမိတည်းဖြတ် ပြုပြင်ထားသော ဖိုင်များကို Microsoft online SkyDrive တွင် သိမ်းဆည်းထားနိုင်မည် ဖြစ်သည်။

http://www.channelnewsasia.com/news/technology/microsoft-office-software...

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post