Looking For Anything Specific?

ads header

IT နည်းပညာများ တိုးတက်စေရန် Technoprenership ပြိုင်ပွဲများ ပြုလုပ်ပေး လျက်ရှိ

ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ KOICA ရဲ့ အထောက်အပံ့နဲ့ ICT Software Development Technical
Training and Business Incubator Program in Myanmar ကို ကိုရီးယား လေကြောင်း အာကာသ တက္ကသိုလ်နဲ့ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ် တို့က ၁ နှစ်တာ စီမံကိန်းနဲ့ ပူးပေါင်း ဆောင်ရွက် လျက်ရှိတာ ဖြစ်ပါတယ်။

အခုလို Myanmar-Korea IT Training Center ကို ဆောင်ရွက် လျက်ရှိရာမှာ IT နည်းပညာနဲ့ ပတ်သက်ပြီး ထူးချွန် လူငယ်များကို ဖော်ထုတ် ပံ့ပိုးပေးနိုင်ဖို့ အတွက် Techno Preneurship ပြိုင်ပွဲ ကိုလည်း ပြုလုပ် ပေးလျက် ရှိတာ ဖြစ်တယ်လို့ ဇွန်လ ၂၆ ရက်နေ့က ရန်ကုန်မြို့၊MICT Park မှာ ပြုလုပ်ခဲ့တဲ့ စာနယ်ဇင်း ရှင်းလင်းပွဲမှ သိရပါတယ်။ လက်ရှိ မှာတော့ အဆိုပါ ပြိုင်ပွဲမှ Project အဖွဲ့ ၃ ဖွဲ့ကို ရွေးချယ်ပြီး IT Engineer အချိန်ပြည့် ၀န်ထမ်း ၃ ဦးကို လစာငွေ ထောက်ပံ့ခြင်းနဲ့ ကုမ္ပဏီ မှတ်ပုံတင်ခြင်း လုပ်ငန်းများမှာ လုပ်ဆောင် ပေးလျက်ရှိတာ ဖြစ်ပါတယ်။

Myanmar-Korea IT Training Center အနေနဲ့ ၂၀၁၂ ဒီဇင်ဘာလ ကစတင်ပြီး ရန်ကုန်နဲ့ မန္တလေးမြို့ များမှာ ICT ကျွမ်းကျင်မှု သင်တန်းများ ဖြစ်တဲ့ Database Course ၊ Android Mobile Application Course ၊ Project Management Course နဲ့ Microcontroller Course များကို Korea Aerospace University မှ ပညာရှင်များက သင်ကြားပေး လျက်ရှိတာ ဖြစ်ပါတယ်။ ဒါ့အပြင် မကြာမီ ကာလ အတွင်း မှာလည်း Internship Program ကို ပြုလုပ်သွား မှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ICT လုပ်ငန်းကဏ္ဍ တိုးတက်ပြီး လူငယ်များ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေ ဖို့အတွက် အိုင်တီ နည်းပညာကို စိတ်ဝင်စားတဲ့ လူငယ် ၂၀ ဦးကို ရွေးချယ်ကာ ကုမ္ပဏီများမှာ အလုပ်အကိုင် ရရှိစေဖို့ အတွက် ပံ့ပိုးကူညီ ပေးသွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။

Post a Comment

0 Comments