တရုတ်အာကသယာဉ်မှူး ၃ဦးလိုက်ပါလာသည့် Shenzhou 10 အာကာသယာဉ်သည် အာကာသအတွင်း ၁၅ ရက်ကြာ အထူးလုပ်ငန်းတာဝန်များ
ထမ်းဆောင်ပြီးနောက် ဘေးကင်းလုံခြုံစွာဖြင့် ကမ္ဘာမြေပြင် ပေါ်သို့ ဇွန်လ
၂၆ ရက်နေ့က တရုတ်နိုင်ငံမြောက်ပိုင်း
အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မြင်ခင်းပြင်ပေါ် သို့
ပြန်လည်ဆင်းသက်လာခဲ့ ကြောင်း သိရှိရသည်။
အာကာသယာဉ်မှူး ၃ ဦးသည် ဇွန်လ ၁၁ ရက်နေ့တွင် အာကာသ ယာဉ်ဖြင့် အာကာသ
ပတ်လမ်းအတွင်းရှိ Tiangong (Heavenly Palace) 1အာကာသဓာတ်ခွဲခန်း သို့
သွားရောက်ကာ သိပ္ပံဆိုင်ရာလက်တွေ့ စမ်းသပ်မှုများကို လုပ်ဆောင်ခဲ့ကြသည်။
ထို့ပြင် အမျိုးသမီး အာကာသယာဉ်မှူး မှ ကမ္ဘာမြေပေါ်ရှိ
ကျောင်းသား၊ကျောင်းသူများအား ဗွီဒီယိုမှတစ်ဆင့်
သိပ္ပံလက်တွေ့သင်ခန်းစာများကိုသင်ကြားပေးခဲ့သည်။ အဆိုပါ အာကာသယာဉ်ပေါ်တွင်
အာကာသယာဉ်မှူးအဖြစ် Nie Haisheng ၊ Zhang Xiaoguang နှင့်အမျိုးသမီး အာကာသ
ယာဉ်မှူး Wang Yaping တို့ ပြန်လည်လိုက်ပါလာခဲ့သည်။
Wondershare Filmora Crack 10.5.5.24 လုပ်နည်း
3 years ago
0 Comments