အာကာသယာဉ်များ မရောက်နိုင်သေးသည့် နေအဖွဲ့အစည်း၏ နယ်ပယ်အား ကြည့်ရှု လေ့လာရန် သိပံ္ပပညာရှင်များအား
နေနှင့်နီးကပ်စွာ တည်ရှိနေသည့် ကြယ်တံခွန် တစ်ခုမှ ဆောင်ရွက်
ပေးခဲ့ပါသည်။ ထိုကြယ်တံခွန်သည် နေ၏ ခရမ်းလွန်ရောင်ခြည် အလွှာနက်ထဲသို့
ကျရောက်နေပြီး ၂၀၁၁ ခုနှစ်တွင် ကြယ်တာရာ နက္ခတ်ပညာရှင် Terry Lovejoy က
တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
အဝေးကြည့် မှန်ပြောင်းမှ ရရှိသည့်ပုံများ ကြယ်တံခွန်၏ အမြီးပိုင်းကို
ပြင်းထန်သည့် သံလိုက်စက်ကွင်း တစ်ခု မည်ကဲ့သို့ ဆွဲထားကြောင်းကို
ဖော်ပြထားသည်ကို တွေ့ရှိရပြီး ထိုအရာသည် ပထမဆုံး အနေဖြင့် ဆွဲအားကို လေ့လာ
ဆန်းစစ်နိုင်ခြင်း ဖြစ်သည်။ California ပြည်နယ်၊ Lockheed Martin Advanced
Technology Center မှ ဒေါက်တာ Karel Schrijver က လူသားများ လေ့လာမှု
လုံးဝမပြုလုပ်နိုင်သည့် ထိုအလွှာထဲသို့ ကြယ်တံခွန်က ရောက်ရှိ သွားခြင်းပင်
ဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။ လူသားတို့ လွှတ်တင်လိုက်သည့် ဂြိုလ်တုများ
ထိုနေရာသို့ သွားလျှင် အရည်ပျော်ကျနိုင်ဖွယ်ရှိပြီး ထိုနေရာသည် အလင်းရောင်
အလွန်နည်းသည့်အတွက် မမြင်နိုင်ကြောင်း ၊ သို့သော် Lovejoy ကြယ်တံခွန်ကမူ
လူသားများအား နေအဖွဲ့အစည်း အလွှာထုနှင့် နေအဖွဲ့အစည်း၏ သံလိုက်စက်ကွင်း
တည်ရှိရာ နေရာကို ရောက်ရှိနိုင်သည့် လမ်းကြောင်းကို ပေးခဲ့သည်ဟုလည်း ၎င်းက
ပြောကြားခဲ့ပါသည်။
Source: BBC
Wondershare Filmora Crack 10.5.5.24 လုပ်နည်း
3 years ago
0 Comments