ဆိုက်ဘာနည်းပညာဆိုင်ရာ လုံခြုံရေးကဏ္ဍတွင် တရုတ်နှင့် အမေရိကန် ပူးပေါင်းသွားမည်

တရုတ်နဲ့ အမေရိကန်တို့ဟာ ဆိုက်ဘာ နည်းပညာဆိုင်ရာ လုံခြုံရေးကဏ္ဍမှာ ပူးပေါင်းသွားမယ်လို့ သိရပါတယ်။
တရုတ်သမ္မတ ရှီကျင်းပင်နဲ့ အမေရိကန်သမ္မတ ဘားရက် အိုဘားမား တို့ဟာ ပြီးခဲ့တဲ့ သောကြာနေ့က အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် Kancho  မြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။ ဆွေးနွေးပွဲအတွင်း နှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ ကဏ္ဍပေါင်းစုံနဲ့ ပတ်သက်ပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲရဲ့အစပိုင်းမှာတော့ တရုတ်သမ္မတ ရှီကျင်းပင်က အမေရိကန်သမ္မတ အိုဘားမားကို ဖိတ်ခေါ်မှုအတွက် ကျေးဇူးတင်ရှိကြောင်း၊ အခုလို ဆွေးနွေးပွဲပြုလုပ်ရတဲ့ အတွက်လည်း အလွန်ဝမ်းမြောက်မိကြောင်း ပြောကြား ခဲ့ပါတယ်။ သမ္မတ ဘားရက်အိုဘားမားနဲ့ ရှီကျင်းပင် တို့ဟာ ဆွေးနွေးပွဲအတွင်း ဆိုက်ဘာ နည်းပညာဆိုင်ရာနဲ့ ပတ်သက်တဲ့ အငြင်းပွားမှုပြဿနာတွေကို အတူတကွ ပူးပေါင်းဖြေရှင်း သွားဖို့ သဘောတူညီခဲ့ပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု ပုံစံသစ်တစ်ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားရေးကိုပါ အထူးအလေးပေး ဆွေးနွေးခဲ့ပါတယ်။

သမ္မတ အိုဘားမား ကတော့ ဆိုက်ဘာနည်းပညာဆိုင်ရာ လုံခြုံရေးဟာ အရေးပါတဲ့ ကဏ္ဍတစ်ခုဖြစ်လာပြီး တရုတ်နဲ့ အမေရိကန်တို့ အနေနဲ့ ဆိုက်ဘာ နည်းပညာပိုင်းဆိုင်ရာ လုံခြုံရေးနဲ့ပတ်သက်ပြီး နှစ်ဦးနှစ်ဘက် နားလည်မှုတည်ဆောက်သွားဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။ တရုတ်သမ္မတ ရှီကျင်းပင် ကလည်း ဆိုက်ဘာနည်းပညာပိုင်းဆိုင်ရာ လုံခြုံရေးပြသနာကို ပူးပေါင်းအဖြေရှာဖို့ ၎င်းအနေနဲ့ သဘောတူကြောင်းနဲ့ တရုတ်နိုင်ငံဟာလည်း ဆိုက်ဘာတိုက်ခိုက်မှုရဲ့ သားကောင် ဖြစ်လာနေတယ်လို့ ပြန်လည် ပြောကြားခဲ့ကြောင်း သိရပါတယ်။

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post