Looking For Anything Specific?

ads header

ပိုမိုကောင်းမွန်သော လုပ်ဆောင်ချက်များစွာနှင့် ထွက်ပေါ်လာသည့် Rockmelt web browser

အချောသပ်ပြုပြင် မွမ်းမံမှုများ အပြီးတွင် Android ချစ်သူများ အတွက် အရာရာ ပြည့်စုံ ကောင်းမွန်သော Rockmelt app ကို တင်ဆက်ပေးနိုင်ခဲ့သည်။
၎င်းအား အများပြည်သူ သုံးနိုင်ပြီ ဖြစ်ကြောင်းနှင့် ယခုအခါ android user များအတွက်သာ ဖြစ်ပြီး၊ iOS users များအတွက် မဟုတ်ကြောင်း ဇွန်လ (၁၉) ရက်နေ့တွင် ကုမ္ပဏီမှ ထုတ်ဖေါ် ကြေညာခဲ့သည်။

၎င်းတို့၏ android social browser နှင့် iOS app တို့အကြား ကွာခြားချက် အများအပြား ရှိကြောင်း ပြောကြားခဲ့သည်။ ပထမဦးစွာ Android app သည် ကြီးမားသော screen များပေါ်တွင် ကောင်းစွာ အလုပ်လုပ်နိုင်ကြောင်း ၊ ဒေါင်လိုက် အနေအထားတွင် navigation ပြုလုပ်ခြင်းသည် အောက်ခြေတွင် ရှိနေပြီး ၊ အလျားလိုက် အနေအထားတွင် ၄င်းသည် လက်ယျာဘက်တွင် ရှိနေမည် ဖြစ်သောကြောင့်ဟု ဆိုသည်။ အလားတူ အသုံးပြုသူသည် app ကို scroll ပြုလုပ် အသုံးပြုမည်ဆိုပါက အကြောင်းအရာများကို ပိုမို မြင်တွေ့နိုင်စေရန် navigation မှာ ပျောက်ကွယ်သွားမှာဖြစ်ကာ ၊ လိုအပ်ပါက ပြန်လည် ပေါ်ထွက်လာမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် android အတွက် နောက်ထပ်လုပ်ဆောင်ချက် အများအပြားရှိသေးကြောင်း ဖြည့်စွက် ပြောဆိုခဲ့သည်။

http://news.cnet.com/8301-1023_3-57590179-93/rockmelt-launches-android-a...

Post a Comment

0 Comments