Nokia ကို ၀ယ်ယူသွားရန် အစီအစဉ်မရှိသည့် Huawei


ဖင်လန်နိုင်ငံ မိုဘိုင်းဖုန်း ကုမ္ပဏီဖြစ်သော Nokia အား ၀ယ်ယူသွားရန် အစီအစဉ်မရှိသေးကြောင်း Huawei ၏ နိုင်ငံတကာရေးရာ ဒုတိယ ဥက္ကဌ
Bill Plummer က Reuters သတင်းဌာနကို ပြောကြားခဲ့သည်။ သို့သော် ဆိုလိုရင်း အဓိပ္ပါယ်မှာ ၄င်းကိစ္စအား နောင်တစ်ချိန် စဉ်းစားချင် စဉ်စားမည် ဖြစ်သော်လည်း ယခုတော့ မဟုတ်ကြောင်း ပြောကြားခဲ့သည်။

Nokia ရှယ်ယာ ပိုင်ရှင်များ အနေဖြင့် ကုမ္ပဏီသည် Window  ဖုန်းနှင့် ကိရိယာများ ထုတ်လုပ်ခြင်းအပေါ် အာရုံစူးစိုက် နှစ်မြှုပ်ထားမည့် အစား အခြား အခွင့်အလမ်းများ ရှာဖွေရန် တွန်းအားပေးလျှက်ရှိကြောင်း ကောလဟာလများ ထွက်ပေါ်လျှက်ရှိသည်။ Nokia သည် ၄င်း၏ အဆင့်မြင့် စမတ်ဖုန်းများ အနက် Lumia 920 ကဲ့သို့ ဖုန်းများမှာ အောင်မြင်မှု ရရှိနေသော်လည်း လတ်တလော ဈေးကွက်ကို လွှမ်းမိုးထားသော Android နှင့် iOS အသုံးပြု ကိရိယာများ၏ ယှဉ်ပြိုင်မှုကို တောင့်ခံနိုင်ဖို့ ကြိုးစားလျှက်ရှိသည်။ တစ်ဖက်တွင် ဈေးကွက်အတွင်း တတိယ နေရာ ရရှိလျှက်ရှိသော Huawei တရုတ်ကုမ္ပဏီသည် Nokia ကို မျက်စိကျလျှက်ရှိသည်ဟု Financial Times က ဖော်ပြခဲ့သည်။ အကယ်၍ ထို့သို့ ပူးပေါင်းလိုက်ပါက Samsung နှင့် Apple တို့အား ယှဉ်ပြိုင်နိုင်ဖွယ် ရှိပြီး ၊ နှစ်ဦးနှစ်ဖက် အကျိုးအမြတ် ရရှိနိုင်ကြောင်း ၊ သို့သော် ၄င်းအနေဖြင့် Nokia အား ၀ယ်ယူသွားရန် အစီအစဉ် မရှိသေးကြောင်း Huawei ဖက်က ရှင်းလင်း ပြောကြားခဲ့သည်။

http://www.mazumamobile.com/mobilephonenews/mobile-phones-news/huawei-ha...$801600904.htm


Please Select Embedded Mode To Show The Comment System.*

Previous Post Next Post