ပြည်သူ့ စာကြည့်တိုက် ၂၄ ခုတွင် Wifi အခမဲ့ ၀န်ဆောင်မှု ဆောင်ရွက် သွားရန်ရှိ


ပြန်ကြားရေးနဲ့ ပြည်သူ့ ဆက်ဆံရေးမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ ခရိုင်/ပြန်ဆက် ပြည်သူ့ စာကြည့်တိုက် နေရာ ၂၄  နေရာမှာ Wifi အခမဲ့
တပ်ဆင်မှုများ ပြုလုပ်ပေး မှာဖြစ်တယ်လို့ သိရပါတယ်။ ဒီလို တပ်ဆင်ပေးမယ့် နေရာတွေ ကတော့ ကချင်ပြည်နယ်မှာ မိုးညှင်း၊ ပူတာအို၊ ကယား ပြည်နယ်မှာ ဘော်လခဲ၊ ချင်းပြည်နယ်မှာ မင်းတပ်၊ ဖလမ်း၊ ကရင်ပြည်နယ်မှာ ကော့ကရိတ်၊ စစ်ကိုင်းတိုင်း ဒေသကြီးမှာ ရွှေဘို၊ ကသာ၊ တမူး၊ မော်လိုက်၊ ကလေး၊ တနင်္သာရီတိုင်း ဒေသကြီးမှာ မြိတ်မြို့နယ်၊ မကွေးတိုင်း ဒေသကြီးမှာ မင်းဘူး၊ သရက်၊ ကံ့ကော်၊ ပခုက္ကူနဲ့ ပဲခူးတိုင်း ဒေသကြီးမှာ သာယာဝတီ မြို့နယ်တို့ ဖြစ်တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် ရခိုင်ပြည်နယ်မှာ သံတွဲ၊ ကျောက်ဖြူ၊ ရှမ်းပြည်နယ်မှာ လွိုင်လင်၊ လင်ခေး၊ ကျောက်မဲ၊ မူဆယ်၊ မိုင်းဖျားနဲ့ တာချီလိတ် မြို့နယ်တို့ ပါဝင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြန်ကြားရေး ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန အနေနဲ့ ယခင်ကလည်း ခရိုင်/ပြန်ဆက် ပြည်သူ့ စာကြည့်တိုက် ၃၅ နေရာ မှာလည်း အင်တာနက် အခမဲ့ တပ်ဆင်မှုများ ပြုလုပ်ခဲ့ ပြီး  ယခုကျန်ရှိနေတဲ့ နေရာ ၂၄ ကိုတော့ ဒီလအတွင်းမှာ အပြီးသတ် တပ်ဆင် ပေးသွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။
 

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post