Looking For Anything Specific?

ads header

Apple ကုမ္ပဏီအတွက် ဆော့ဖ်ဝဲလ် ရေးသားပေးနေသူများ၏ ၀ဘ်ဆိုဒ်များ နှောင့်ယှက်ခံရခြင်း

ကွန်ပြူတာနှင့် ဆော့ဖ်ဝဲလ်များတွင် ရှေ့တန်းမှ ဦးဆောင်နေသည့် Apple ကုမ္ပဏီ၏ software developers များ၏ ၀ဘ်ဆိုဒ်များကို
ယနေ့တွင် တိုက်ခိုက်ခံခဲ့ရပြီး ၀ဘ်ဆိုဒ်များ ပိတ်သွားခဲ့ကြောင်း၊ ၄င်းတို့၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များလည်း ခိုးယူခြင်း ခံခဲ့ရကြောင်း Apple ကုမ္ပဏီမှ ထုတ်ပြန် ကြေညာခဲ့သည်။

"in the spirit of transparency"အမည်ရှိ ဆိုက်ဘာ တိုက်ခိုက်ခံရပြီးနောက် Apple ကုမ္ပဏီမှ ထုတ်ပြန်သည့် ‘’ We'll be back soon" ဟူသော ထုတ်ပြန်ချက်တွင် အချို့ သတင်း အချက်အလက်များအား လျို့ဝှက်ထားခြင်း မရှိသော်လည်း အချို့ ဆော့ဖ်ဝဲလ် ပညာရှင်များ၏ အမည် ၊ အီးမေးလ် လိပ်စာနှင့် စာပို့လိပ်စာများအား ထုတ်ပြန် ရေးသားထားခြင်း မရှိကြောင်း ထည့်သွင်း ဖော်ပြထားသည်။ ယခုကဲ့သို့ ဖြစ်ရပ်မျိုး နောက်ထပ် မဖြစ်ပွားနိုင်အောင် လုံခြုံရေးကို ပိုမိုတင်းကြပ်သွားရန်နှင့် ဆာဗာဆော့ဖ်ဝဲလ်များ အမြဲတမ်း အသက်ဝင် အသစ်ဖြစ်နေစေရေး လုပ်ဆောင်သွားမည် ဖြစ်ကြောင်းနှင့် Apple ကုမ္ပဏီ၏ developer website အသစ်ကို မကြာခင် ပြန်လည် ရရှိနိုင်မည် ဖြစ်ကြောင်းနှင့် မိမိတို့ ဖောက်သည်များနှင့် မိတ်ဘက် ပညာရှင်များအား အဆင်မပြေ ဖြစ်မှုများအတွက် အနူးအညွတ် တောင်းပန်ကြောင်း ပြောကြားခဲ့သည်။

source- AFP/ac

Post a Comment

0 Comments