ဓာတ်ခွဲခန်းမှ ဖန်တီးထုတ်လုပ်လိုက်သည့် ဟမ်ဘာဂါ

ဓာတ်ခွဲခန်းမှ ဖန်တီးထုတ်လုပ်ထားတဲ့ ဘာဂါကို နယ်သာလန်နိုင်ငံမှ ဒတ်ခ်ျလူမျိုး သိပ္ပံပညာရှင်တစ်ဦးက ဖန်တီးပြုလုပ်ခဲ့တယ်လို့
သိရပါတယ်။ အဲ့ဒီဘာဂါကို ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ရှိ သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာ မြည်းစမ်း စားသောက်ခဲ့တယ်လို့ သိရပါတယ်။  နွားတစ်ကောင်ရဲ့ ဆဲလ်တွေကိုရယူကာ ဓာတ်ခွဲခန်းတစ်ခုမှာ အမဲသား အမျှင်ကြောတွေ အဖြစ် ပြောင်းလဲပြီး အာဟာရဓာတ်နဲ့ အခြားလိုအပ်တဲ့ ဓာတုပစ္စည်းတွေကို ထည့်သွင်း ပေါင်းစပ်ကာ ဆဲလ်တွေကို ပွားများစေပြီး ပြောင်းလဲ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

အရသာဟာ ဘာဂါအစစ်ရဲ့ အရသာမျိုးနဲ့တူကြောင်း အစားအသောက် ပညာရှင်တစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။ အလေးချိန်အားဖြင့် ၅အောင်စရှိတဲ့ ဘာဂါကို ဖန်တီးနိုင်ဖို့အတွက် အမေရိကန် ဒေါ်လာ ၃သိန်းကျော် ကုန်ကျခဲ့ပြီး ဈေးကွက်အတွင်း ဖြန့်ချိသွားဖို့ကိုတော့ အချိန်အနည်းငယ်ယူဖို့ လိုနေသေးကြောင်း သိရပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာ အသားစားသုံးမှု ပမာဏဟာ တစ်နေ့တစ်ခြား များပြားလာ လျက်ရှိပြီး လူတို့ ဖန်တီးထုတ်လုပ်ထားတဲ့ အသားတွေဟာ တိရစ္ဆာန်တွေကို သတ်ဖြတ် စားသုံးမှုကို လျှော့ချပေးနိုင်ကြောင်း တိရစ္ဆာန်ထိန်းသိမ်း ကာကွယ်ရေးအဖွဲ့က ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ယခုဖန်တီးခဲ့တဲ့ ဓာတ်ခွဲခန်းထုတ် ဘာဂါဟာ တစ်ဖက်မှာလည်း ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး အတွက် အထောက်အကူ ဖြစ်စေနိုင်မှာဖြစ်တယ်လို့ သိပ်္ပံပညာရှင်တွေက သုံးသပ် ပြောကြားခဲ့ကြောင်း သိရပါတယ်။

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post