Looking For Anything Specific?

ads header

၂၀၁၃ ခုနှစ် အကုန်တွင် မောင်းသူမဲ့ ကားကို ဗြိတိန် လမ်းမများပေါ်တွင် စမ်းသပ် မောင်းနှင်မည်

၂၀၁၃ ခုနှစ် အကုန်တွင် မောင်းသူမဲ့ ကားကို ဗြိတိန် လမ်းမများပေါ်တွင် စမ်းသပ် မောင်းနှင်မည် ဖြစ်ကြောင်း
ဗြိတိန် အစိုးရက ပြောကြားခဲ့သည်။ ဗြိတိန် နိုင်ငံတွင် အလိုအလျှောက် မောင်းနှင်နိုင်သည့် ကားများကို သီးသန့် သတ်မှတ်ထားသော နေရာများတွင်သာ စမ်းသပ် မောင်းနှင်သွားမည် ဖြစ်သည်။

အဆိုပါ မောင်းသူမဲ့ မော်တော်ကားများကို ကင်မရာများနှင့် အာရုံခံ ကိရိယာများ ပါဝင်သော စနစ်တစ်ခုဖြင့် ထိန်းချုပ် မောင်းနှင်မည် ဖြစ်ကာ သာမန်ကားများထက် ပိုမို လုံခြုံစိတ်ချရပြီး စွမ်းဆောင်ရည် မြင့်မားမည်ဟု ဆိုသည်။ လုံခြုံစိတ်ချမှု အတွက် ရည်ရွယ်ကာ စမ်းသပ် မောင်းနှင်စဉ်အတွင်း အရံယဉ်မောင်း တစ်ဦး လိုက်ပါမည် ဖြစ်ပြီး ၊ အရေးပေါ် အခြေအနေများတွင် ၄င်းက ယဉ်ကို ထိန်းသိမ်းပေးနိုင်မည် ဖြစ်သည်။

http://www.bbc.co.uk/news/technology-23330681

Post a Comment

0 Comments