အချိန်နှင့်တစ်ပြေးညီ ယဉ်ကြော လမ်းညွှန်နှင့် ယဉ်မတော်တဆ ထိခိုက်မှု သတင်းများ ဖော်ပြပေးနိုင်သည့် iPad အထောက်အပံ့ ပါဝင်သော iOS အတွက် Google Maps 2.0

iOS အတွက် Google Maps အသစ်ကို online itune store မှ အခမဲ့ ရရှိနိုင်ပြီ ဖြစ်ကာ ပထမဦးဆုံး အကြိမ်အဖြစ် iPad မူလ အထောက်အပံ့
ပါဝင်လာမည် ဖြစ်သည်။

Google Maps ဗားရှင်း အသစ်တွင် iPad ၏ ကြီးမားသော မျက်နှာပြင် အတွက် အထောက်အပံ့ ပါဝင်လာယုံသာမက အချိန်နှင့်တစ်ပြေးညီ ယဉ်ကြော လမ်းညွှန်နှင့် ယဉ်မတော်တဆ ထိခိုက်မှု သတင်းများ ဖော်ပြပေးနိုင်သည့် အထောက်အပံ့လည်း ပါဝင်လာသည်။ ထို့ပြင် ဈေးဝယ် စင်တာများ ၊ လေဆိပ်များနှင့် ဘူတာရုံများ စသည်တို့အတွက် အဆောက်အဦး အတွင်းဖက် လမ်းညွှန်များနှင့် မြေပုံများကိုပါ ဖော်ပြပေးနိုင်မည်ဟု ဆိုသည်။ သို့သော် Android တွင် ပါဝင်သကဲ့သို့ လေကြောင်း လမ်းပြစနစ် on-the-fly rerouting စနစ်တော့ မပါရှိကြောင်း ၊ သို့သော် နောက်ပိုင်းတွင် ၄င်းလုပ်ဆောင်ချက်ကို ထည့်ပေါင်း ထည့်ပေးသွားမည်ဟု MacRumors က ဆိုသည်။

http://www.zdnet.com/google-maps-2-0-for-ios-includes-ipad-support-live-...

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post