ဆယ်ကျော်သက်များနှင့် chatroom အတူထိုင်မည့် ရိုဘော့စက်ရုပ်

online chatrooms များတွင် ကာမစိတ် စွဲဆောင်မှုများကို ထောက်လှမ်းမည့် မိမိကိုယ်မိမိ (၁၄) နှစ်အရွယ် ကောင်မလေးအဖြစ်
သရုပ်ဆောင် ပြောဆိုနိုင်သော ရိုဘော့စက်ရုပ်တစ်ခုကို စပိန် သုတေသန ပညာရှင်များက တီထွင် ဖန်တီးခဲ့သည်။

'Virtual Lolita' အဖြစ် သရုပ်ဆောင်မည့် Negobot စက်ရုပ်သည် အသိဥာဏ်တု ဆော့ဖ်ဝဲ (artificial intelligence (AI) software)ကို အသုံးပြုပြီး ၊ တကယ့် လူတစ်ယောက်အသွင် chatting များ ပြုလုပ်နိုင်ကာ ဆယ်ကျော်သက်များ အသုံးပြု ဆက်သွယ်လေ့ရှိသော ဘာသာစကားကို ကောင်းစွာ နားလည် တုံ့ပြန်နိုင်စွမ်း ရှိမည်ဖြစ်သည်။ ကျွမ်းကျင်သူများ အဆိုအရ ၄င်းသည် ရဲများ၏ အလုပ်ဝန်ပိခြင်းကို အကူအညီပေးနိုင်သော်လည်း လူအများကို မမျှ တသော ထောင်ခြောက်ဆင် ဖမ်းမှုတွင် အခက်အခဲများ ရှိမည် ဖြစ်သည်။

http://www.bbc.co.uk/news/technology-23268893

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post