ကုန်ကျစရိတ် သက်သာသည့် ဖန်ပြွန်သန္ဓေ နည်းပညာ ဘယ်လ်ဂျီယံ ဆရာဝန်များ တီထွင်နိုင်ပြီ

ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် အသုံးပြုနိုင်ရန် အတွက် ကုန်ကျစရိတ် သက်သာသည့် ဖန်ပြွန်သန္ဓေ နည်းပညာ တစ်ခုကို ဘယ်လ်ဂျီယံ နိုင်ငံမှ
ဆရာဝန်များက တီထွင်နိုင်ခဲ့ကြပြီ ဖြစ်သည်။ သုတေသီများ၏ ပြောကြားချက်အရ ၎င်းတို့၏ နည်းပညာသစ်သည် ဖန်ပြွန်သန္ဓေသား ရရန် တစ်ကြိမ် ကြိုးပမ်းမှု အတွက် ယူရို ၂ဝဝ (စင်ကာပူ ဒေါ်လာ ၂၆၀ခန့်)  ခန့်သာ ကုန်ကျပြီး လက်ရှိ အနောက်နိုင်ငံများတွင် ဖန်ပြွန် သန္ဓေ ရရှိရန်အတွက် အသုံးပြုသည့် ကုန်ကျစရိတ်ထက် ၁ဝ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်း အထိ သက်သာကြောင်း သိရသည်။

အဆိုပါ n-vitro fertilisation (IVF) programmes နည်းပညာဖြင့် သားသမီး မရနိုင်သူများအားလုံး ကုန်ကျစရိတ် သက်သာသော ဖန်ပြွန်သန္ဓေ နည်းပညာဖြင့် ကလေးရလာနိုင်မည် ဖြစ်ကြောင်း Genk Institute for Fertility Technology ဌာနမှ ပါမောက္ခ Elke Klerkx မှ ပြောကြားခဲ့သည်။ ပထမဆုံး ဖန်ပြွန် သန္ဓေသားကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့သည့် ၁၉၇၈ ခုနှစ်မှ စ၍ ယခုအချိန်ထိ ကမ္ဘာတစ်ဝန်းတွင် ဖန်ပြွန် သန္ဓေသားပေါင်း ငါးသန်းခန့် ကို မွေးဖွားနိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

http://gulfnews.com/news/world/other-world/doctors-develop-260-test-tube...



Please Select Embedded Mode To Show The Comment System.*

Previous Post Next Post