ဂျပန် နိုင်ငံတွင် iWatch ကုန်အမှတ်တံဆိပ် အတွက် လျှောက်ထားခဲ့သည့် Apple

Apple Inc. သည် ဂျပန် နိုင်ငံတွင် iWatch အမှတ်တံဆိပ် အသုံးပြုမှုအတွက် လျှောက်ထားခဲ့သည့် အတွက် ၄င်းအမေရိကန် အခြေစိုက်
ကုမ္ပဏီကြီးသည် လက်ပတ်နာရီကဲ့သို့ ကိရိယာတစ်မျိုး ထုတ်ဖော် မိတ်ဆက်သွားရန် ပြင်ဆင်လျှက် ရှိကြောင်း ခန့်မှန်း ပြောဆိုနေကြသည်။

လျှောက်ထားမှုကို ဇွန်လ (၃) ရက်နေ့က စတင် ပြုလုပ်ခဲ့ပြီး ၊ ဇွန်လ (၂၇)ရက်နေ့တွင် ဂျပန်နိုင်ငံ မူပိုင်ခွင့် ဌာနမှ အများပြည်သူသို့ ထုတ်ဖော် ပြောကြားခဲ့သည်။ လျှောက်ထားမှုသည် ကွန်ပြူတာ (သို့မဟုတ်) နာရီ ကိရိယာဟူသော အမျိုးအမည် ခေါင်းစဉ်အောက်တွင် ဖြစ်ပြီး ၊ သဘောတူညီမှု မရခင် ထုံးစံအတိုင်း စစ်ဆေးမှုများ ပြုလုပ်သွားရန် လိုကြောင်း မူပိုင်ခွင့် ဌာနမှ အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။

Source: AP

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post