Android နှင့် ယှဉ်ပြိုင်မည့် Firefox OS လာပြီ

ဈေးသက်သက်သာသာနှင့် ခေတ်မီ စမတ်ဖုန်းများကို အလိုရှိသူများအတွက် ရည်ရွယ်ပြီး၊ ပထမဦးဆုံး Firefox စမတ်ဖုန်းကို
ဇူလှိုင်လ (၂) ရက်နေ့က စပိန်နိုင်ငံတွင် စတင် ရောင်းချပေးခဲ့သည်။ ပွဲဦးထွက် စတင် ရောင်းချမည့် လက်ကိုင်ဖုန်း၏ တန်ဖိုးမှာ ဒေါ်လာ ၉၀ ဖြစ်ကာ ကြိုတင် ၀ယ်ယူမည့် ဖေါက်သည်များ အတွက် ဒေါ်လာ (၄၀) အကြွေးဖြင့် ၀ယ်ယူနိုင်မည်ဟု သိရသည်။

Mozilla သည် app store များ ထားရှိသည့် အယူအဆကို ရှောင်ရှားနိုင်မည့် အင်တာနက် လွတ်လပ် ပွင့်လွင်းမှု အတွက် စနစ်တစ်ခု ပေါ်ပေါက်လာရန် ရည်ရွယ်ထားသည့် အမြတ်မယူသော အဖွဲ့အစည်း တစ်ခု ဖြစ်သည်။ ထို့ကြောင့် ဖွံ့ဖြိုးဆဲ တိုင်းပြည်များတွင် တန်ဖိုးနည်း ဖုန်းများ ရောင်းချနိုင်မည့် စမတ်ဖုန်း ဈေးကွက် တစ်ခု ပီပီပြင်ပြင် ပေါ်ပေါက်လာမည် ဖြစ်သည်။ လာမည့် ၂၀၁၈ ခုနှစ်တွင် တန်ဖိုးနည်း ဖုန်းများ တင်ပို့ ရောင်းချမှုသည် ယခုထက် သုံးဆမျှ ပိုမိုလာဖွယ် ရှိသည်ဟု ဆိုသည်။

အကယ်၍ Firefox ၏ အယူအဆသာ မှန်ကန်ခဲ့ပါလျှင် ဈေးကွက်ဝေစု အများအပြားကို Apple (AAPL) ထံမှထက် Android ထံမှ ခွဲထုတ် ယူသွားဖွယ် ရှိနေသည်။ တစ်ဖန် Mozilla ဘဏ္ဍာရေး တစ်ခုလုံး နီးပါးကို အထောက်အပံ့ ပေးနေသည်မှာ Google (GOOG) ပင် ဖြစ်နေပြန်သည်။ အဘယ်ကြောင့် ဆိုသော် ၄င်း၏ ရှာဖွေရေး အင်ဂျင်အတွက် Google ကို default browser အဖြစ် အသုံးပြုပေးထားသောကြောင့် Google က Mozilla အား တစ်နှစ်လျှင် ဒေါ်လာ သန်း (၃၀၀) ပေးဆောင်နေရသောကြောင့် ဖြစ်သည်။

http://www.businessweek.com/articles/2013-07-01/introducing-firefoxs-and...

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post