ဟက်ကာများ ပုံတူ ကူးချခဲ့သော Jay-Z Android app

ရက်ပါများ အသုံးပြုသော rapper Jay-Z အမည်ရှိ Android app ကို ဟက်ကာများက ပုံတူကူးချကာ အမေရိကန်နိုင်ငံ အစိုးရကို
ဝေဖန် ပြစ်တင်သော သတင်းပေးပို့ချက်များ အစားထိုး ထည့်သွင်းခဲ့သည်။ တရားဝင် အသုံးပြုနိုင်သည့် app ကို ရက်ပ်ပါ တစ်ဦးက ၄င်း၏နောက်ဆုံး အယ်ဘမ် ဖြစ်သည့် Magna Carta Holy Grail ကို အရောင်း မြှင့်တင်နိုင်မည့် နည်းလမ်းတစ်ခု အနေဖြင့် အသုံးပြုခြင်း ဖြစ်သည်။

၎င်းအား တုပခိုးယူထားသော app ကို ဇူလှိုင်လ (၄) ရက်နေ့တွင် တရားမ၀င် ၀က်ဘ်စာမျက်နှာများမှ တစ်ဆင့် ရရှိနိုင်ပြီး ၄င်းတွင်ပါဝင်သော ကုဒ်သည် အိုဘာမား ဆန့်ကျင်သော သတင်းပေးပို့ချက်များကို ဖွင့်လှစ်နိုင်မည် ဖြစ်သည်။ ၄င်းသည် ယခုလတွင် ထုတ်ဖေါ်ခဲ့သော အမေရိကန် အစိုးရ၏ ထောက်လှမ်းရေး စနစ်များကို ဆန့်ကျင် ဆန္ဒပြမှု၏ တစ်စိတ်တစ်ပိုင်း အဖြစ် ယူဆထားပုံရသည်။ အဆိုပါ app ကို third-party Android app ၀က်ဘ်ဆိုက်များမှ တစ်ဆင့် McAfee လုံခြုံရေး လုပ်ငန်းမှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

http://www.bbc.co.uk/news/technology-23194413

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post