Looking For Anything Specific?

ads header

နယ်သာလန်နိုင်ငံတွင် Robocup 2013 စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်

နယ်သာလန်နိုင်ငံ Eindhoven မြို့မှာ Robocup 2013  အမည်ရတဲ့ စက်ရုပ်စွမ်းရည် ပြိုင်ပွဲတစ်ရပ် ကျင်းပပြုလုပ်လျက်ရှိတယ်လို့
သိရပါတယ်။ အဆိုပါ ပြိုင်ပွဲကို နိုင်ငံပေါင်း ၄၀ကျော်မှ စက်ရုပ်ပေါင်း ၂၅၀၀ခန့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ဒီပြိုင်ပွဲဟာ ၂၀၁၃ခုနှစ်အတွင်း ကျင်းပပြုလုပ်ခဲ့တဲ့ ပြိုင်ပွဲတွေအနက် အကြီးကျယ်ဆုံး နိုင်ငံတကာ စက်ရုပ် ပြိုင်ပွဲတစ်ခုလည်း ဖြစ်ပါတယ်။

ပါဝင်ယှဉ်ပြိုင်ရတဲ့ ကဏ္ဍတွေကတော့ ဘောလုံး၊ အက၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ကယ်ဆယ်ရေးစတဲ့ လုပ်ဆောင်မှု တွေကို လူတွေရဲ့ အကူအညီမပါဘဲ စက်ရုပ်တွေရဲ့ အစွမ်းကို ပြသရတာပဲဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို အခုလ ၂၆ရက်နေ့မှ ၃၀ရက်နေ့အထိ ကျင်းပ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

Post a Comment

0 Comments