ကမ္ဘာ့ ပထမဦးဆုံး စတုတ္ထမျိုးဆက် အချက်အလက် ဆက်သွယ်မှု ကွန်ယက် 4G data ကို စတင်မိတ်ဆက်

Samsung သည် LTE-A ကွန်ယက် အထောက်အပံ့ ပေးနိုင်သည့် ၄င်း၏ Galaxy S4 စမတ်ဖုန်းကို ထုတ်လုပ်လိုက်သည်။
အကြောင်းမှာ သုံးစွဲသူများ အတွက် ကမ္ဘာ့ အမြန်ဆုံး စတုတ္ထမျိုးဆက် အချက်အလက် ဆက်သွယ်မှု ကွန်ယက် 4G data ကို ကုမ္ပဏီ တစ်ခုမှ စတင် မိတ်ဆက် ကမ်းလှမ်းခဲ့သည့် အတွက် ဖြစ်သည်။ ၄င်းကွန်ယက်တွင် ဖိုင်များ၏ download အမြန်နှုန်းကို (၁) စက္ကန့်လျှင် (၁၅၀) မီဂါဗိုက် အထိ အသုံးပြုနိုင်မည်ဟု SK Telecom က ပြောကြားခဲ့သည်။

အဆိုပါ အမြန်နှုန်းသည် ယခင် စတုတ္ထမျိုးဆက် အချက်အလက် ဆက်သွယ်မှု ကွန်ယက်များထက် နှစ်ဆမြန်ကာ ၊ 3G service များထက် (၁၀) ပိုမိုမြန်ဆန်သည့် နှုန်းဖြစ်သည်။ သို့သော် တကယ့် လက်တွေ့တွင်မူ ထို့ ထက်နှေးသော နှုန်းထားကိုသာ ရရှိနိုင်မည် ဖြစ်သော်လည်း ဇူလှိုင်လ အစောပိုင်းမှ စတင်ကာ full-HD 1080p ဗွီဒီယိုများ ပေးပို့လက်ခံ ကြည့်ရှုခြင်း ၀န်ဆောင်မှုများကို အထောက်အပံ့ ပေးသွားရန်မူ လုံလောက်သော အမြန်နှုန်း ဖြစ်ကြောင်း ကုမ္ပဏီက ပြောကြားခဲ့သည်။ ထို့ပြင် အုပ်စုလိုက် ဗွီဒီယို အသုံးပြု စကားစမြည် ပြောဆိုခြင်း (group video chat service) ကို ယခင်ကထက် ပိုမို ကောင်းမွန်သော အရည်အသွေးဖြင့် အသုံးပြုနိုင်လိမ့်မည်ဟုလည်း ဆိုသည်။


http://www.bbc.co.uk/news/technology-23071976

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post