Firefox Operation System တီထွင်သူ Mozilla Foundation မှ ပထမဦးဆုံးသော Smartphone များကို Spain နိုင်ငံတွင် ဈေးကွက်အတွင်း
စတင် ဖြန့်ချိပေးလိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။ Firefox System အား
အခြေခံထားသည့် အဆိုပါ ZTE Open အမည်ရှိ Smartphone များအား ဇူလိုင်လ (၂)
ရက်နေ့မှ စတင်ကာ (၆၉) ယူရိုဖြင့် ဈေးကွက်အတွင်း စတင် ရောင်းချလျက် ရှိသည်။
Mozilla အနေဖြင့် အင်တာနက် အသုံးပြုသူများ အတွက် အထူး ဦးစားပေးကာ
ဝန်ဆောင်မှုကောင်းများ ပေးနိုင်ရန် ရည်ရွယ်ပြီး Spain’s Telefonica နှင့်
တရုတ်နိုင်ငံ Handset Maker ZTE တို့နှင့် ပူးပေါင်းကာ ယင်း Smartphone
များအား တီထွင် ရောင်းချလိုက်ခြင်း ဖြစ်သည်။
လာမည့် သီတင်းပတ်များတွင် Colombia နှင့် Venezuela တို့ အပါအ၀င်
တခြားနိုင်ငံများ အသီးသီးရှိ ဈေးကွက်များသို့လည်း တင်ပို့
ရောင်းချနိုင်ရန် စီစဉ်သွားမည် ဖြစ်ကြောင်း ၊ အဆိုပါ ဟန်းဆက်များအား
အသုံးပြုသူများ အနေဖြင့် အင်တာနက် လိုင်းဆွဲအား ပိုမို ကောင်းမွန်စေရန်
အတွက် ၀န်ဆောင်မှုသစ်များ ထည့်သွင်း ပေးထားကြောင်း Mozilla နှင့် Telefonica
တို့မှ တာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။
Screen 3.5 လက်မ ၊ RAM 265 MB ၊ 3.2 MP ရှိ ကင်မရာ ၊ 4GB microSD Memory
ကဒ်တို့ ပါဝင်သည့် Firefox OS Devices များ၏ ပထဦးဆုံး စီးရီးဖြစ်သည့် ZTE
Open Smartphone များကို အသုံးပြုခြင်းဖြင့် မတ်ဆေ့ခ်ျ၊ အီးမေးလ် ၊
ပြက္ခဒိန် ၊ FM ရေဒီယို ၊ ကင်မရာ ၊ Nokia မြေပုံနှင့် Firefox Browser
အစရှိသည်တို့အား ဈေးနှုန်း သက်သာစွာ အသုံးပြုနိုင်မည် ဖြစ်သည်။ Android
နှင့် iOS နောက် တတိယ နေရာတွင် ရပ်တည်နိုင်ရန် အတွက် ရည်ရွယ်
ထုတ်လုပ်ထားသည့် အဆိုပါ Firefox OS စနစ်အား ယမန်နှစ် ဖေဖော်ဝါရီလက
Barcelona တွင် ကျင်းပ ပြုလုပ်ခဲ့သည့် မိုဘိုင်းလ် ပွဲတော်၌ Mozilla
Foundation မှ ကြေညာခဲ့ပြီး ဖြစ်သည်။
Source: AFP
Wondershare Filmora Crack 10.5.5.24 လုပ်နည်း
3 years ago
0 Comments