အဝေးကြည့် မှန်ပြောင်းကဲ့သို့ မြင်နိုင်မည့် မျက်ကပ်မှန် တီထွင်

အထူး ပြုလုပ်ထားသော မျက်မှန်နှင့် အတူယှဉ်တွဲ ကြည့်ရှုပါက အဝေးရှိ မြင်ကွင်းများကို မြင်နိုင်စွမ်းရှိသော မျက်ကပ်မှန် တစ်မျိုးကို
သုတေသန ပညာရှင်များက တီထွင်ခဲ့သည်။ အဆိုပါ မျက်ကပ်မှန်နှင့် အထူးမျက်မှန် ယှဉ်တွဲ ကြည့်ရှုပါက မြင်ကွင်းများကို (၂.၈) ဆခန့် ပိုမို ပုံကြီး ချဲ့ပေးနိုင်မည်ဟု သိရသည်။

မျက်မှန်တွင် တပ်ဆင်ထားသော Polarising filters များကြောင့် ကြည့်ရှုသူသည် သာမန် မြင်ကွင်းနှင့် အနီးကပ် ပုံကြီးချဲ့ မြင်ကွင်းတို့အကြား ပြောင်းလဲပေးနိုင်သည်။ အဆိုပါ အဝေးကြည့် မြင်ကွင်းစနစ်သည် အသက်အရွယ်ကြောင့် အမြင်အာရုံ ချို့ယွင်းသူများကို အကူအညီ ပေးနိုင်ရန် ပြုလုပ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

http://www.bbc.co.uk/news/technology-23142469

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post