Looking For Anything Specific?

ads header

အခမဲ့ထပ်မံဖြန့်ချိလိုက်သည့် Tourist Map of Myanmar နှင့် The Map of Bagan လမ်းညွှန်မြေပုံများ

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုနဲ့ Design Printing Services Co; Ltd (D.P.S) မှ မြန်မာနိုင်ငံရဲ့ခရီးသွားလုပ်ငန်း
ဖွံ့ဖြိုးတိုးတက်ရေးအတွက် Tourist Guide Map အမျိုးမျိုးကို အခမဲ့ထုတ်ဝေဖြန့်ချိလျက်ရှိတယ်လို့သိရပါတယ်။ ဒါ့အပြင် ယခုအခါမှာလည်း Tourist Map of Myanmar  နှင့် The Map of Bagan လမ်းညွှန်မြေပုံများကို ပြည်တွင်း၊ ပြည်ပခရီးသွားများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေဖို့အတွက် ထပ်မံဖြန့်ချီလိုက် တယ်လို့ သိရပါတယ်။
 
ယခုလိုဖြန့်ချီလိုက်တဲ့ Tourist Maps of Myanmar  မှာတော့ မြန်မာပြည် အသေးစိတ် မြေပုံ၊ ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ ပုဂံ၊ မြောက်ဦး၊ တောင်ကြီး၊ အင်းလေး၊ ကျိုက်ထီးရိုး စတဲ့နေရာဒေသတွေမှ မြေပုံတွေကိုလည်း ထည့်သွင်းဖော်ပြ ပေးထားတယ်လို့သိရပါတယ်။  ဒါ့အပြင် The Map of Bagan မှာလည်း ပုဂံမြို့သစ်မြို့ဟောင်းမြေပုံ၊ ပုပ္ပါး ညောင်ဦးမြေပုံနဲ့ ပုဂံဘုရားများရဲ့ တည်နေရာများကိုလည်း ဖော်ပြပေးထားတယ်လို့သိရပါတယ်။ ဒါ့အပြင် လေကြောင်းလိုင်းများ၊ ပို့ဆောင်ရေး ကုမ်္ပဏီများ၊ ဟိုတယ်စားသောက်ဆိုင်များနဲ့ လက်မှုအရောင်း ဆိုင်များရဲ့တည်နေရာများကို တိကျ ရှင်းလင်းစွာ ဖော်ပြထားတယ်လို့လည်း သိရပါတယ်။
 
D.P.S Co;Ltd အနေနဲ့ ယခုဖြန့်ချိလိုက်တဲ့ Tourist Maps of Myanmar  ကို စောင်ရေ (သုံးသောင်း)နဲ့ The Map of Bagan  ကို စောင်ရေ(လေးသောင်း)ထုတ်ဝေကာ ပြည်တွင်း၊ ပြည်ပနိုင်ငံများ၊ ခရီးသွားပြပွဲများ၊ သံရုံးများနဲ့ လေဆိပ်များမှာ နေ့စဉ်ဝေငှပေးနေ လျက်ရှိတယ်လို့ လည်း သိရပါတယ်။ ဒါ့အပြင် အဆိုပါလမ်းညွှန်မြေပုံများကို ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းနဲ့ သက်ဆိုင်တဲ့လုပ်ငန်းများ၊ ဧည့်လမ်းညွှန်များအနေနဲ့ ရယူလိုပါက သက်ဆိုင်ရာ အထောက်အထားများကိုပြသပြီး  မြန်မာ့ခရီးသွားလုပ်ငန်း (ဆူးလေ)နဲ့D.P.S ကုမ္ပဏီလီမိတက် တို့မှာ အခမဲ့လာရောက် ထုတ်ယူနိုင်တယ်လို့ သတင်းရရှိပါတယ်။
 
 

Post a Comment

0 Comments