ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဖူလုံရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောပြချက်အရ လူမှုဖူလုံရေး အဖွဲ့ဝင်ဝန်ထမ်းတွေမှာ Smartcard
ပြုလုပ်ဖို့အတွက်လိုအပ်တဲ့ ဆောင်ရွက်မှုတွေကို ယခုလအတွင်း ၀န်ထမ်း အဖွဲ့ဝင်(၃)သောင်းကျော်အတွက် ပြုလုပ်ပေးသွားမှာ ဖြစ်တယ်လို့သိရပါတယ်။ အဲ့ဒီလို ဆောင်ရွက်မှု Smartcard အတွက် လက်ဗွေရယူခြင်းနဲ့ ဓါတ်ပုံရိုက်ခြင်း စတဲ့လုပ်ငန်းစဉ်များကို အဖွဲ့ဝင်ဝန်ထမ်းပေါင်း(၃)သောင်းကျော်အတွက်ပြုလုပ်ပေးမှာဖြစ်ပါတယ်။
ယခုလက်ရှိမှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူမှု့ဖူလုံရေးအဖွဲ့ဝင်ပေါင်း (၆)သိန်း (၄)သောင်းကျော်ရှိပါတယ်။ အဲ့ဒီအဖွဲ့ဝင်တွေအတွက် ဆက်လက်လုပ်ဆောင်မှုတွေကိုတော့ ယခုလ အတွင်း ဆောင်ရွက်မှုတွေမှ အားသာချက် အားနည်းချက်တွေအပေါ်မှာအခြေခံကာ ဆက်လက် ပြုလုပ်သွားဖို့ရှိတာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် ယခုလအတွင်း ကွင်းဆင်းဆောင်ရွက်မှုတွေကို မင်္ဂလာဒုံမြို့နယ်နဲ့ အင်းစိန်မြို့နယ် များမှာ ပြုလုပ်သွားမှာဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအရ အဖွဲ့ဝင်အား လုံးအတွက်ကိုတော့ အချိန်ကာလ(၆)လအတွင်း အပြီးသတ်လုပ်ဆောင်သွားဖို့လျာထားတာဖြစ် တယ်လို့ သိရပါတယ်။