ဖုန်းအားသွင်း စနစ်၏ အားနည်းချက်အား Apple ပြုပြင်သွားမည်

ပြုပြင်ထားသော ဖုန်းအားသွင်း charger မှတစ်ဆင့် အချက်အလက် ခိုးယူနိုင်သော apps များအား ဖုန်းအတွင်းသို့ ထည့်သွင်းနိုင်သည်။
ထိုသို့ ထောင်ချောက်ဆင်ထားသော ဖုန်းအားသွင်း charger များမှတစ်ဆင့် တိုက်ခိုက်မှုအား မိမိ၏ ထုတ်ကုန်များတွင် မကျရောက်နိုင်စေရန် Apple မှ software update တစ်ခု ထုတ်ပေးရန် စီစဉ်လျှက် ရှိသည်။

မိမိအသုံးပြုလျှက်ရှိသော ကိရိယာများကို တိုက်ခိုက်မည့် ဖုန်းအားသွင်း charger များတွင် သွားရောက် တပ်ဆင်လိုက်ပါက ဖုန်းအတွင်းသို့ code ပို့လွှတ်သွင်းနိုင်အောင် ဖန်တီးထားသော သုတေသနကို တုံ့ပြန်ရန် ရည်ရွယ်ပြီး ၄င်း update ကို ထုတ်ပေးခြင်း ဖြစ်သည်။ သုတေသနကို အမေရိကန်နိုင်ငံ ဂျော်ဂျီယာ နည်းပညာ ဌာနမှ ကွန်ပြူတာ သိပ္ပံပညာရှင်များက လုပ်ဆောင်ခြင်း ဖြစ်ကာ iOS ကိရိယာများကို (၆၀) စက္ကန့်အတွင်း ထိန်းချုပ်ပြခဲ့သည်။

http://www.bbc.co.uk/news/technology-23528415

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post