iPhone များတွင် ပါဝင်သော Find My iPhone ကဲ့သို့ Android ဗားရှင်း Google Device Manager

အားလုံးက မျှော်လင့်ထားကြသည့် Android Device Manager ၀န်ဆောင်မှုကို သြဂုတ်လ (၂) ရက်နေ့တွင် Google မှ ထုတ်ဖေါ်ပြသခဲ့ပြီး
ယခုလကုန်ခန့်တွင် အသုံးပြုသူများထံ ရောက်ရှိမည် ဖြစ်သည်။ Android ဗားရှင်း Google Device Manager သည် ဖုန်းပျောက်သူများနှင့် ဖုန်းအခိုးခံရသူများကို ကူညီရန် ရည်ရွယ် ထုတ်လုပ်ထား ခြင်းဖြစ်သည်။ မိမိဖုန်းအား အထားမှားတတ်သူများ အတွက် အသံတိတ်စနစ် အသုံးပြုထားလျှင် တောင်မှ ဖုန်းသံ အကျယ်လောင်ဆုံး မည်စေနိုင်သည်။

အကယ်၍ တစ်နေရာရာတွင် မိမိဖုန်း မေ့ကျန်ခဲ့ပါကလည်း online မြေပုံကို အသုံးပြုကာ ဖုန်း၏ တည်နေရာကို ရှာဖွေနိုင်မည် ဖြစ်သည်။ မိမိဖုန်း ပျောက်ဆုံးသွားခဲ့ပြီး ဖုန်းတွင် ပါဝင်သော အချက်အလက်များ အတွက် စိတ်အနှောင့် အယှက် ဖြစ်နေသူများ အတွက် Android Device Manager က ကောင်းစွာ အကူအညီပေးနိုင်မည်ဟု Android ထုတ်ကုန် မန်နေဂျာ Benjamin Poiesz က ဘလော့ပို့စ် တစ်ခုတွင် ပြောကြားခဲ့သည်။

http://www.pcmag.com/article2/0,2817,2422674,00.asp

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post