ကုမ္ပဏီ၏ ထုတ်ကုန်သစ်များ အကြောင်း အရိပ်အမြွက်မျှ Apple ပြောကြား

နောက်ထပ် ထွက်ပေါ်လာမည့် Apple ထုတ်ကုန်သစ်များနှင့် ပတ်သက်သော ကောင်းသတင်း ၊ ဆိုးသတင်းများ ကြားနေရကြောင်း သိရသည်။
ပထမဦးစွာ ကုမ္ပဏီ သုံးလပတ် အစည်းအဝေးတွင် Apple CEO ဖြစ်သူ Tim Cook ပြောကြားချက်များကို အခြေခံကြည့်မည်ဆိုပါက နောက်သုံးလေးလအတွင်း ထုတ်ကုန် ပစ္စည်းသစ်များ ထွက်ပေါ်လာနိုင်ဦးမည် မဟုတ်ကြောင်း သိနိုင်သည်။

ထုံးစံအရဆိုလျှင် Apple သည် သုံးလေးလတစ်ကြိမ် ထုတ် ကုန်ပစ္စည်းသစ်များ ထုတ်ဖေါ်မိတ်ဆက်လေ့ ရှိသော်လည်း ယခုတစ်ကြိမ်တွင် မျှော်လင့်ထားသည်ထက် နောက်ကျဖွယ် ရှိသည်။ ကုမ္ပဏီမှ နောက်ထပ် ထုတ်လုပ်မည့် ထုတ်ကုန် ပစ္စည်းသစ် အမျိုးမျိုးကို စိတ်လှုပ်ရှားဖွယ် တွေ့မြင်ရမည် ဖြစ်ကြောင်း Cook က ပြောကြားခဲ့သည်။ လေ့လာသူများ၏ အဆိုအရ Apple သည် လက်တော့ပ်များ ၊ ဖုန်းများ၊ tablet များ ထုတ်လုပ်ခြင်းအပြင် စမတ် နာရီများ ၊ စမတ်တီဗွီများ ထုတ်လုပ်ခြင်းဖက်သို့ ပိုမိုခြေဦးလှည့်ဖွယ် ရှိကြောင်း သိရသည်။

http://edition.cnn.com/2013/04/24/tech/innovation/apple-new-products/ind...

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post